အပိုင်း ၂၂

282 8 0
                                    

ဒီနေ့တော့ အရင်နေ့ကထက်စောစောထဖြစ်သည်။​အိပ်ရာထရေမိုးချိုးပြီးသည်နဲ့ အကို့ကိုနှိုးကာ အောက်သို့ဆင်းခဲ့လိုက်သည်။နောက်ပြီး မီးဖိုချောင်ထဲတွင် နှစ်ယောက်သား နံနက်စာအတူချက်ပြုတ်ဖြစ်ကြသည်။အကိုက ဆီပူတွေစင်မည်စိုး၍မချက်စေချင်သော်လည်း ဆောင်းဦးက အတင်းပူဆာပြီးချက်နေခြင်းပင်။

"အငယ် ဆီပူတွေစင်မယ်နော် ဂရုစိုက်"

ဆောင်းဦး မုန်ညှင်းရွက်ကြော်ရန်ပြင်နေသည်မို့ အကိုက လှမ်း၍သတိပေးခြင်းပင်။ဆောင်းဦးအရွက်ကြော်နေချိန်တွင် အကိုက ကြက်သားခုတ်ပေးသည်။နောက်ပြီး ခရမ်းချဥ်သီးများကိုအနေတော်လှီးထားပေးသည်။

"အကို ကြက်သွန်ဖြူနွှေးထားပေးပါအုံး"

ကြက်သားများကို ရေနှင့်သေချာဆေးရင်းပြောလိုက်တော့ အကိုက ကြက်သွန်ဖြူများကို နွှေးပေးထားသည်။ကြက်သားများကို ဒယ်အိုးထဲထည့်ကာ ခရမ်းချဥ်သီးကိုပါရောထည့်လိုက်သည်။နောက်ပြီး ဆား ဆနွင်းအကုန်စုံအောင်ထည့်ပြီးသည့်နောက်တွင်တော့ ဂတ်စ်ပေါ်တင်လိုက်သည်။ကြက်သားအိုးထဲသို့ ရေအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူကိုထောင်းလိုက်သည်။ဟင်းအိုးပွက်ပွက်ဆူလာသည့်အခါတွင်တော့ ကြက်သွန်ဖြူလေးကိုခတ်လိုက်သည်။ခဏအကြာထားလိုက်ပြီးမှ ဟင်းအိုးအဖုံးကိုဖွင့်ကာ မြည်းစမ်းကြည့်ရန်ပြင်သည်။

ဆောင်းဦးက ဟင်းချက်လျှင်မြည်းစမ်းကြည့်သည့်အလေ့အထမရှိသည်မို့ ဟင်းရည်ကိုအနည်းငယ်ခပ်ကာ အကို့ကိုခွံ့လိုက်သည်။

"ကောင်းလား အကို ဘာလိုသေးလဲ"

အကိုက မျက်မှောင်ကြုတ်လိုက်သည်မို့ တစ်ခုခုလိုနေတာဖြစ်ရမည်ဟု ခံစားလိုက်မိသည်။

"ဆားလိုတာလား"

"တစ်ခုလိုနေတယ်"

"ဘာလိုတာလဲ အကို"

မျှော်လင့်ချက်တစ်ကြီးနဲ့  လင်္ကာ့ထံမှအဖြေကိုစောင့်နေသောကောင်လေးလက်ထဲမှ ဇွန်းကိုယူလိုက်ပြီး စားပွဲပေါ်သို့တင်လိုက်သည်။နောက်ပြီး ကောင်လေးခါးကိုဆွဲပွေ့ပြီး အဖြေပြန်ပေးလိုက်သည်။

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now