အပိုင်း ၈

312 9 0
                                    

နောက်ပြီး သူ၏ရင်ဘတ်ထဲက အကောင်ပေါက်ကလေး၏ တစ်ဒုန်းဒုန်းရင်ခုန်သံကျယ်များကိုလည်း အတိုင်းသားကြားနေရသည်။

အတော်ကြာ အကြည့်ချင်းဆုံပြီးသည့်အခိုက်မှာတော့ ကလေးငယ်က လျင်မြန်စွာ မျက်နှာလွှဲသွားသည်။

"အကို..ကိုယ့်ဘာသာဘဲပြင်လိုက်တော့နော် ကျွန်တော်အရင်ဆင်းနှင့်မယ်"

သွားရန်ရှေ့ဇောသန်နေသည့် ကလေးငယ်ကို အလျင်အမြန်ဖမ်းဆုပ်ကာ ခါးသိမ်သိမ်ကလေးကိုဖက်တွယ်ထားလိုက်သည်။

"ဒါက ဘယ်ကိုပြေးဖို့ကြိုးစားနေတာလဲ ဟမ်"

"ပြေး...ပြေးဖို့ကြိုးစားနေတာမဟုတ်ပါဘူး အောက်မှာ ကူစရာရှိတာကူမလို့ပါ"

"အဟက် အလိမ်တော်သားဘဲကွ ဟမ် ကိုယ်က လိမ်ညာတာတွေမကြိုက်ဘူးနော် အမှန်အတိုင်းပြော"

"ဟို...အမှန်တော့လေ.. "

"အင်း"

ဆောင်းဦးပြောသည်ကို ပြုံးပြုံးကြီးဖြင့်နားထောင်နေသည့်အကိုကြောင့် တံတွေးတစ်ချက်မြိုချပြီး ချောင်းဟန့်လိုက်မိသည်။

"အဟမ်း ကျွန်တော့်ဘာသာလိမ်ချင်ရင်လိမ်မှာပေါ့ ဖယ် ကျွန်တော်အောက်ကိုဆင်းမယ်"

ကိုယ်ကိုတွန့်လိမ်၍ ရုန်းထွက်ရန်ကြိုးစားသော်လည်း ရုန်းထွက်၍မရ။
'ဘာတွေစားလို့ ဒီလောက်အားသန်နေရတာလဲ'

"ကိုယ်မေးတာ အရင်ဖြေ"

"အဝတ်အစားတွေကျေကုန်လို့တစ်မျိုးထင်လိမ့်မယ် လွှတ်ပါတော့ အကိုရဲ့"

"ထင်, ထင်ကွာ မလွှတ်ဘူး ကိုယ်မေးတာဖြေ"

ရုန်းမရသည့်အဆုံးမှာတော့ ဖြစ်ချင်ရာဖြစ်ဟုတွေးကာ ခြေထောက်ကို တက်နင်းလိုက်သည်။

အားး

"အကို့ကို ကျွန်တော်ပြောသားဘဲ ကျွန်တော်ကို လွှတ်ပါဆို"

"လူကောင်လေးသေးသလောက် နာလိုက်တာဗျာ"

အကျယ်ကြီးအော်လိုက်၍ ဟန်ဆောင်နေသည်ဟုထင်လိုက်သော်လည်း ခြေထောက်ကိုအုပ်ကိုင်ကာ ကုတင်ပေါ်တွင်ကွေးနေသည်မို့ စိုးရိမ်သွားရသည်။

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now