အပိုင်း ၂၆

297 9 0
                                    

မနက်မိုးလင်း အိပ်ရာနိုးလို့ နာရီကြည့်လိုက်တော့ မနက်၇နာရီပင်ထိုးနေလေပြီ။ဆောင်းဦးထိုအချိန်အထိရောက်အောင် တစ်ခါမှမအိပ်ဖူးပါ။မနေ့ညကအိမ်မက်ဆိုးမက်ပြီး အိပ်ရေးပျက်ခဲ့ရသည့်အတွက် နောက်ကျသည်အထိအိပ်မိခြင်းဖြစ်ပါလိမ့်မည်။အိပ်ရာမှထလိုက်ရင်း အိမ်တွင် ဧည့်သည်အချို့ရှိနေသည်ကိုတွေးမိသွားရာ ရေချိုးခန်းထဲ အလျင်အမြန်ဝင်လို့ ရေချိုးခြင်းကိုလုပ်ဆောင်ရသည်။ထို့နောက် အဝတ်အစားလဲကိုခပ်မြန်မြန်လဲကာ အောက်ကိုဆင်းလာခဲ့တော့ အကိုက ဧည့်ခန်းထဲတွင် စားစရာများကိုတည်ခင်းထားပြီး အမသံသာတို့နဲ့စကားပြောနေလေသည်။

ဆောင်းဦး ဆင်းလာသည်ကိုမြင်တော့မှ သူ့အနားသို့လာစေရန် လက်ဟန်ပြပြီး အနားတွင်ဝင်ထိုင်စေသည်။

"မောနင်း အငယ်"

"အင်း မောနင်း"

"ညက အိပ်ရေးဝရဲ့လား"

"ဟုတ်"

အကို့အမေးကို အမသံသာကကြားသွားတော့ ဆောင်းဦးကိုကြည့်ရင်းမေးလာခဲ့သည်။

"ဆောင်းဦးက ညဘက်တွေအိပ်မရဖြစ်နေတာလား"

တစ်ရေးတစ်ယူမေးလာသည့်မေးခွန်းများကို ဆောင်းဦး အသိအမှတ်ပြုကာပြန်ဖြေမိသည်။

"ညဘက်အိပ်မရဖြစ်တာတော့မဟုတ်ပါဘူး ညက အိမ်မက်ဆိုးမက်သွားလို့"

ဟုတ်သည်။
အကို အမသံသာဆီသွားတယ်ဆိုတဲ့အရာက အခြားသူတွေအတွက်တော့ သာမာန်ဖြစ်နေပေမယ့် အကို့ကိုသိပ်မြတ်နိုးလွန်းသည့်ဆောင်းဦးအတွက်တော့ သိပ်ကိိုဆိုးရွားလွန်းသည့်အိမ်မက်သာဖြစ်သည်။

"ကိုယ်ဝန်သည်တွေ အိမ်မက်ဆိုးမက်ရင် စိတ်အားငယ်တတ်တယ် ပုံမှန်အချိန်ဆိုရင်တောင် စိတ်အားငယ်တတ်တာမျိုးဆိုတော့ အိမ်မက်ဆိုးတွေမက်ရင် ပိုပြီးတော့အားငယ်ပြီး တွေးနေတတ်တယ်  ကိုဇေးက အိမ်ထောင်ဘက်ကို သေချာလေးဂရုစိုက်ပေးနော် "

"ကျွန်တော် သေချာလေးဂရုစိုက်လိုက်ပါ့မယ် သံသာ"

"ဟုတ်ကဲ့"

ကိုယ့်အတွက်ပြောဆိုနေကြသောစကားတွေဆိုပေမယ့် ဟန်မဆောင်နိုင်အောင် ဗိုက်ဆာနေပြီမို့ အားမနာနိုင်ဘဲ အကို့နား အနားကပ်ပြီးလက်လေးကာလို့ပြောမိသည်။

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now