အပိုင်း ၁၅

293 11 0
                                    

"အငယ် အိပ်တော့နော် အငယ်အိပ်ပျော်အောင် ကိုယ်သီချင်းဆိုပြပေးမယ် "

လင်္ကာ 'အင်ယားကန်စပ်ကဖိနပ်ကလေးတစ်ရံ' ဆိုသည့်သီချင်းကလေးကိုဆိုပြလိုက်သည်။
ထိုသီချင်းက ခပ်အေးအေးဖြင့် ငြင်ငြင်သာသာရှိသည်မို့ အငယ်အိပ်ပျော်ဖို့အတွက် အများကြီးအထောက်အကူပြုပါလိမ့်မည်။

"မောင်လာပါ သူခေါ်ပြီးချိန်းရာ ကိုယ်လာမိခဲ့တာ သီလာမြကျွန်းတစ်နေရာ....
ကြံရည်ရောင်ဖိနပ်ကလေးတစ်ဖက်ဟာ ကန်ရေရဲ့အစပ်မှာ ကိုယ်မြင်မိခဲ့လေတာ...
ရင်ထဲခုန်စရာအဖြစ်ကြုံလာ...ကိုယ့်ချစ်သူဖိနပ်ဆိုတာ..သိမိတော့ကိုယ်ဟာ...ကမ်းစပ်မှာရှာ...
အချစ်ကလေးဘယ်မှာသိချင်လာ တစ်ဒဿမငါးအမည်ပါ...ကားတစ်စီးက ညှင်သာဖြတ်လို့နှင်ခွာ...
လာလာလာလာလာလားလားလာ....
လာလာလားလားလာ...
လာလာလားလားလာလာ
လာလာလာလာလာလားလားလာ....
လာလာလားလားလာ...
လာလာလားလားလာလာ..."

သီချင်းတစ်ပုဒ်ဆုံးအောင်ဆိုပြပြီးချင်တွင်တော့ အငယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီဖြစ်သည်။
လင်္ကာလည်းသူငယ်ချင်းတစ်ယောက်ဆီသို့ဖုန်းခေါ်ကာ အိမ်အကူရှာပေးဖို့တောင်းဆိုလိုက်သည်။

"သုတရေ ငါ့အတွက်အိမ်အကူ နှစ်ယောက်လောက်ရှာပေးပါအုံးကွာ ထမင်းဟင်းချက်တတ်ပြီး အဝတ်အစားလေးတွေလျှော်တင်ရင်ပြီးရောကွာ စာရိတ္တကောင်းကောင်းလေးပေါ့ကွာ"

"အဲ့လိုဆိုရင်တော့ ငါ့အသိထဲမှာတစ်ယောက်ရှိတယ် ရွာကနေတက်လာတဲ့ကောင်မလေးအလုပ်ရှာနေကြတာ"

"အသက်ကအတော်ငယ်လား"

"မငယ်ဘူး ၃၀ ကျော်ပြီ"

အသက်အတော်ငယ်လျှင်လည်း လင်္ကာတို့နဲ့အဆင်မပြေမည်စိုးတာကြောင့် မေးရခြင်းဖြစ်သည်။

"အင်း အဲ့လောက်ဆိုရင်တော့ အဆင်ပြေပါတယ်"

"ဘာလဲ မင်းရဲ့အိမ်သူသက်ထားလေးက ထမင်းချက်မကျွေးတော့လို့လား"

"မဟုတ်ဘူးကွာ သူနေမကောင်းလို့"

"ဟ နေမကောင်းလည်း ခဏဘဲကိုကွာ သူနေမကောင်းတုန်း မင်းကဝင်ချက်လိုက်ပေါ့ကွ"

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now