အပိုင်း ၄

381 10 1
                                    

ငြင်းလည်းမရတော့ပါ။
ဘေးအိမ်နီးနားချင်းတွေကပါ လာကူကြသည်။
ဒါကြောင့် ကားအနားသို့ပြန်သွားကာ အားလုံးကိုခေါ်လိုက်သည်။
ဥက္ကဌပေးသည့်တန်းလျားကိုရောက်တော့ ဇေးလက်ာကဘဲ စည်းကမ်းချမှတ်လိုက်သည်။
ဆေးရုံအုပ်က ဇေးလက်ာနှင့်ဆောင်းဦးကိုတာဝန်ပေးလိုက်သည်မို့ ဘာမှမဖြစ်အောင်တာဝန်ယူပေးရမည်။
ဒါမှ ဆေးရုံနာမည်လည်းမပျက်သလို ဆရာဝန်တွေနာမည်မပျက်မှာဖြစ်သည်။

"အားလုံးဘဲ ကျွန်တော်ပြောမယ့်စကားကိုနားထောင်ပေးကြပါအုံး ၊ အမျိုးသားတွေက အထက်မှာအိပ်ပြီးတော့ အမျိုးသမီးတွေက အောက်မှာအိပ်မယ် ၊
နောက်ပြီး အမျိုးသားနဲ့အမျိုးသမီးကြားမှာ မလိုလားအပ်တဲ့ကိစ္စတစ်ခုခုဖြစ်ပွားခဲ့ရင် ကိုယ့်တာဝန်ကိုယ်ယူရမယ် ၊ တစ်ခုခုမှားယွင်းကြတော့မယ်ဆိုရင် ဆေးရုံဂုဏ်သိက္ခာကိုကြည့်ပါ မင်းတို့ရဲ့ဆရာဝန်ဂုဏ်သိက္ခာကိုကြည့်ဖို့ပြောချင်ပါတယ် ၊ ကျွန်တော်ပြောချင်တာကို နားလည်ရဲ့လားမသိဘူး"

"နားလည်ပါတယ်"

"ဟုတ်ပြီ ဒါဆို အားလုံးအနားယူလို့ရပါပြီ"

သူ့နေရာကိုယ့်နေရာယူကာ အိပ်စက်အနားယူကြသည်။
အိပ်မပျော်နိုင်သည်က ဆောင်းဦးတစ်ယောက်သာ အိပ်မပျော်ဖြစ်နေတာအတော်လေးကိုကြာနေပြီဖြစ်သည်။
ဒါကြောင့် ဆောင်းဦးကြမ်းပြင်တွင်ထိုင်ကာ ကောင်းကင်သို့ငေးမောနေလိုက်သည်။

ဇေးလက်ာအိပ်မပျော်၍ ထထိုင်လိုက်တော့ ဆောင်းဦးထိုင်နေတာကိုတွေ့လိုက်ရသည်။
ဒါကြောင့် ဆောင်းဦး အနားသွားကာ ထိုင်လိုက်သည်။

"မင်းအိပ်မပျော်တာလား"

အနားရောက်လာသော ကိုဇေးလက်ာထွန်းကို ကြည့်ပြီးဖြေလိုက်သည်။

"အင်း "

"ဒီနေ့ လသာတယ်နော်"

ဆောင်းဦး ကောင်းကင်ကိုမော့ကြည့်ပြီးဖြေလိုက်သည်။

"အင်း ဟုတ်တယ် "

ဇေးလက်ာ ဆောင်းဦးကို စကားပြောချင်ပေမယ့် ဘာပြောရမယ်မှန်းမသိပေ။
ဒါကြောင့် သူအိပ်မပျော်တာကိုသတိရသွား၍ မေးလိုက်သည်။
အိပ်၍မပျော်ဖြစ်သည်ဆိုတာက ကောင်းသည့်အရာမှမဟုတ်ဘဲ။

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now