"တင်ပါ့ ဘုရား"

"အင် ခုသိသွားပြီးဆိုရင်ဆင်ခြင်သင့်တာဆင်ခြင်ပါ
အမှားရှိရင်အမှန်ရှိတယ် ပျက်အစဉ်ပြင်ခနတဲ့
အဓိက ကိုယ့်စိတ်က မတွန့်ဆုတ်ဘဲ ပြင်ဆင်နိုင်ဖို့ကအရေးကြီးတယ်"

ဆရာတော်မိန့်ကြားပြီးချိန် ထူးသာမှာ တုတ်တုတ်မျှမလှုပ်ပဲအိပ်မောကျနေပြီးဖြစ်တာမို့ ဦးသောင်းကသာ ပွေ့ချီ၍ အိပ်ရာဆီချီလို့သွားရတော့သည်။

"ခရေလမ်းက အေးတင်လေ သိတယ်မို့လား သူ့အစ်မက ကွမ်းယာရောင်းတာလေဟယ်"

"အေ့လေ မိချို ညီမအေးတင်သိသားပဲ ဘာဖြစ်လိုလဲ"

ဘုန်းကြီးကျောင်းဝင်း၏ အုတ်တံတတိုင်း နှင့်မလှမ်းမကမ်း ကုက္ကိုလ်ပင်ကြီးအောက်၌ သစ်သားစားပွဲဝိုင်းချကာ စဉ့်နှီတုံးနှင့်ဓားကိုယ်စီဖြင့် ဝိုင်းဖွဲ့၍ မနက်ဖြန် ကထိန်အတွက် ရပ်ကွက်ထဲမှ အမျိုးသမီးများစုဝေ၍ ကြက်သွန်နွှာသူနွှာ အသီးအရွက်လှီးသူလှီးဖြင့်....

ဒေါ်သင်းသင်းတို့အနောက်လမ်းမှ မလှမြင့်စကားကြောင့် ကြက်သွန်နီအားပါးပါးလှီးရင်း မျက်စိစပ်ကာ မျက်ရည်ဝဲနေသော ဒေါ်တင်ရီနှင့် ဒေါ်သင်းသင်းအပြင် ကြက်သွန်အခွံခွာနေသည့် ‌တင်မေလှကပါ မလှမြင့်ကိုကြည့်လာကြသည်။

ထိုအခါ မလှမြင့်က ကိုယ်ကိုကိုင်းကာ လေးယောက်သားခေါင်းချင်းဆိုင်၍ ဘေးဝိုင်းများတွင် လှီးသင်နေကြသော သူများကိုမျက်လုံးဝေ့ကြည့်ကာ ခပ်ကြိတ်ကြိတ်လေသံဖြင့်

"ဗိုက်ထွက်နေလို့တဲ့တော်ရေ"

"ဟမ် အဲ့ကလေးမက အပျိုလေးမလား အိမ်ထောင်ကျတာလည်းမကြားလိုက်ပါဘူး"

"ဟုတ်ပါ့ အပျိုလေ သူ့ရည်းစားက ကားနဲ့လာလာခေါ်သွားတာပဲ သူ့အစ်မဆိုင်ရှေ့မှာပဲတဲ့ အဲ့လူပုံစံကလည်းခပ်သန့်သန့်ပဲ ထောင်ထောင်မောင်းမောင်းနဲ့ ကြားတာတော့ မြေစာရင်းရုံးကအရာရှိလားပဲ"

မလှမြင့်က ပြောကာ နှာမွှန်လာ၍ ဓားကိုင်ထားသည့် လက်ကိုပြောင်းပြန်ယူကာလက်ဖမိုးဖြင့် သူမနှာခေါင်းအားဆွဲပွတ်သုတ်လိုက်သည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now