"ရစ်ကြီး မနေ့က စာဥ ငါကို ဖုန်းလှမ်းဆက်ပြောတယ်၊၊ စောခါမှိုင်းကို သူအဖေရင်းဖြစ်သူကလာခေါ်သွားပြီတဲ့ "
"အင်း ကောင်းပါတယ်"
ပြီးခဲ့တဲ့လတွေက ပြဿနာတွေရှုပ်ထွေးနေသည်မို့ ကလေးကို သူရွာကိုဘဲ ဗာရစ်ပြန်ပို့ခိုင်းခဲ့တာဖြစ်သည်၊၊ ထို့ပြင် လွန်းရန်အတိတ်မမေ့ခင်ကပြောခဲ့သော ကလေးကို ကျောင်းထားပေးပါဆိုတာကြောင့် ဗာရစ် ကျောင်းထားပေးဖို့တောင်စီစဉ်ထားခဲ့သည်၊၊ကျောင်းတတ်ခါနီးမှ ရွာကနေ ဗာရစ်တို့အိမ်တော်ကို ခေါ်ထားဖို့အတွက်လည်း အကုန်စီစဉ်ထားပြီးပြီးဖြစ်သည်၊၊သို့ပေမဲ့အခုတော့ ဖခင်အရင်းကလာခေါ်သွားတယ်ဆိုတော့လည်း စီစဉ်ထားသမျှကိုတော့ ပြန်ဖျက်ရမှာပေါ့၊၊လွန်း ရန်မှတ်ဥာဏ်ပြန်ရလာလို့ ကလေးအကြောင်းကို ကြားရင်လည်း ဝမ်းသာနေမယ်လို့ထင်သည်၊၊
"မာမီ ကျုပ်လွန်းရန်ကို ထမင်းသွား ကျွေး အုံးမယ်၊ ကျန်တဲ့အလုပ်ကိစ္စတွေကို မာမီဘဲလုပ်ထားလိုက်တော့"
"မင်းက ဥက္ကဋ္ဌ ဖြစ်တဲ့ မာမီကိုဘဲ ပြန်ပြန်ခိုင်းနေတယ်၊ နောက်ပြီး ရန်လေးက သူဘာသာထမင်းစားတတ်ပါတယ် မင်းသွားကျွေးစရာ မလိုပါဘူး"
"သူဘာသူစားရင် ဟင်းကြီးဘဲစားလို့မာမီ၊ ထမင်းနဲ့မျှတအောင်စားဖို့ ကျုပ်ကိုင်တိုင်သွားကျွေးမှဖြစ်မှာ"
မာမီကတော့ မနိုင်ဘူးဆိုသောအကြည့်နဲ့ကြည့်လာပြီး ခေါင်းတခါခါလုပ်ပြသည်၊၊ ဗာရစ်လည်း မဟုတ်တာကို အပိုပြောတာမဟုတ်၊၊ လွန်းရန်က အခုရက်ပိုင်းတွေမှာ သရေစာ မျိုးစုံမပြတ်စားလာတဲ့အပြင် ထမင်းစားခိုင်းရင်လည်း ဟင်းကြီးဘဲစားပြီး ထမင်းကို ကောင်းကောင်းမစား၊၊ ထို့ကြောင့် နေမကောင်းဘာညာဖြစ်မှာဆိုးလို့ လွန်းရန်ကို မနက်နဲ့ည ထမင်းဝင်အောင် ဗာရစ်ကိုယိတိုင်ကျွေး၏၊၊ ဒါတောင် မစားဘူးငြင်းနေတဲ့လွန်းရန်ကို ချော့လိုက်ခြောက်လိုက်နဲ့ရအောင်ကျွေးရတာဖြစ်သည်၊၊
"ရစ်ကြီး မနက်ဖြန် နေ့လယ် ရိုင်းစက်မာန်က မင်းနဲ့တွေ့ချင်တယ်တဲ့၊ သူပြောတာက မင်းရှာခိုင်းတဲ့လူကိုတွေ့ပြီတဲ့"
30(Zawgyi )
Start from the beginning