Description

1.9K 131 3
                                    

Unicode

ဖျော်ဖြေရေးနယ်ပယ်ထဲက ထိပ်တန်း အဆင့် အန်တီလေး

Description

နာမည်ကြီး ဖျော်ဖြေရေးသမား စုန့်လင်းချွမ်သည် သူ့အန်တီလေးကို တမ်းတမ်းစွဲဖြစ်ကြောင်း လူတိုင်းသိကြသည်။ သူ့ရဲ့အသက်မွေးဝမ်းကြောင်း စ ကတည်းက သူမကို အချိန်အခါ အမျိုးမျိုး၌ ဖော်ပြခဲ့သည်။

သတင်းထောက်တစ်ဦးက တွေ့ဆုံမေးမြန်းခန်းမှာ သူ့ကို မေးခဲ့သည်။ “ဘယ်လို မိန်းကလေးမျိုးက ချစ်စရာကောင်းဆုံးလို့ ထင်လဲ”

သူက ပြန်ဖြေခဲ့သည်။ “ငါ့အန်တီလေးနဲ့တူတဲ့လူ”

သတင်းထောက်က အံ့သြသွားခဲ့သည်။

ပရိတ်သတ်များ လာရောက်လည်ပတ်စဉ်တွင် တစ်ယောက်ယောက်က သူ့ကို မေးခဲ့သည်။ "ဒီဒရာမာဇာတ်ကား ရိုက်ကူးပြီးရင် မင်းမှာ ဘာအစီအစဉ်ရှိလဲ"

သူက ပြန်ဖြေခဲ့သည်။ “ငါ့ အန်တီလေးကို တွေ့ဖို့ ပြန်သွားမယ်”

fan တွေ စိတ်ရှုပ်ထွေးသွားကြသည်။

စုန့်လင်းချွမ်ရဲ့ လျှို့ဝှက်ဆန်းကြယ်သည့် အန်တီလေး အကြောင်းကို အင်တာနက်ဘတစ်ခွင်မှလူများက သိချင်နေကြသဖြင့် လူနေမှုပုံစံ ရသစုံရှိုးတစ်ခုတွင် သူမကို ခေါ်ဆောင်လာခဲ့သည်။ 

သူမ ကင်မရာပေါ်မှာ ပေါ်လာချိန်မှာတော့ သူမက ဆယ်ကျော်သက်အရွယ် ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လို့ အားလုံးက အံ့သြသွားခဲ့ကြသည်။

ရှိုးတွင် မိန်းကလေးသည် ငယ်ရွယ်သော်လည်း ခေတ်မမီသော အပြောအဆိုနှင့် အမူအကျင့်များ ရှိခဲ့သည်။

စုန့်လင်းချွမ်က အချိန်မှန် ထမင်းမစားဘဲ အရမ်းအလုပ်များနေချိန် သူမက တင်းမာစွာပြောခဲ့သည်။   "မင်းခန္ဓာကိုယ်က မင်းရဲ့တန်ဖိုးအရှိဆုံးအရာတစ်ခုပဲ။  အချိန်မှန်စားဖို့ မမေ့နဲ့၊ ဒါမှမဟုတ်ရင် အစာအိမ်ပြဿနာ ရှိလာလိမ့်မယ်။”

သူ ဂိမ်းကစားတာကြောင့် အိမ်ယာထ နောက်ကျချိန် သူမက သူ့ကို ဆူခဲ့သည်။ “လူငယ်တွေ ဂိမ်းဆော့တာ မျှတသင့်တယ်။  အိပ်ယာထ နောက်ကျတာက ကျန်းမာရေးအတွက် မကောင်းဘူး။”

ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်း အဆင့် အန်တီလေး (ဘာသာပြန်)Where stories live. Discover now