အပိုင်း ၃၄ [ ကတိပြုထားသောမြေ ] (7)

Start from the beginning
                                    

လီစူးအမြန်လက်ဆန့်လိုက်ပြီးနှစ်ယောက်လုံးကိုဆွဲတင်လိုက်၏။

လင်ပန့်ရှကမ်းပေါ်တက်လာပြီးအသက်ဆက်တိုက်ရှူလိုက်ရင်း : "ရှဲ့အာကိုက်မင်းဘယ်လိုနေလဲ?"

သူပြောတာကိုရှဲ့အာကိုက်နားမလည်ပေသူရေတွေကိုအန်ထုတ်လိုက်ပြီးတည်ငြိမ်သွားမှရုရှားစကားနဲ့ပြောနေသည်။လေသံကိုနားထောင်ကြည့်သလောက်တော့ဆဲနေသည်ထင်

"အဲ့ဒီမြစ်ထဲကဟာကဘာလို့ငါတို့နှစ်ယောက်ကိုကျတော့မတိုက်ခိုက်ရတာလဲ?"လင်ပန့်ရှအထူးအဆန်းဆိုလိုက်သည် "ရေနဲ့မြေကသူ့လူသူစားရတာကြိုက်တာလား?"

လီစူးရယ်ရမလိုငိုရမလိုနဲ့ : "ဒီလိုအချိန်မင်းဟာသမပြောပါနဲ့လား"သူနဲ့ရှဲ့အာကိုက်ပြောကြည့်ပြီးသူအဆင်ပြေကြောင်းသိမှစိတ်လျှော့လိုက်သည်။

ဒါပေမဲ့ရှဲ့အာကိုက်အသက်ရှင်နေပေမယ့်သူ့အိတ်ကတော့မြစ်ရေနဲ့မျောပါသွားသည်။တစ်ကိုယ်လုံးစိုရွှဲနေပြီးလေအေးတစ်ချက်တိုက်သွားတော့လင်ပန့်ရှတုန်တက်သွား၏ : "ငါးလပိုင်းပဲရှိသေးတာကိုဘာလို့ဒီလောက်အေးနေတာလဲ"

"ပေါင်ပေ့ဒါကရုရှားလေ"လီစူးကပြောတယ်"အရင်ဆုံးမီးမွှေးရအောင်မင်းတို့အဝတ်တွေကိုခြောက်အောင်လုပ်လိုက်အဖျားမရှိစေနဲ့ပြန်သွားလို့တခြားအဖွဲ့ဝင်တွေအအေးမိလို့သေသွားတယ်ပြောရင်ရယ်ခံ‌နေရမယ်"သူပြောရင်းသစ်ကိုင်းခြောက်တွေသွားရှာပြီးမီးပုံတစ်ပုံလုပ်လိုက်၏။

လင်ပန့်ရှကိုယ့်အင်္ကျီကိုယ်အ‌ခြောက်ခံလိုက်သည်။

ရှဲ့အာကိုက်ပြန်ကောင်းလာတော့လင်ပန့်ရှကိုကျေးဇူးတင်စကားသာဆက်တိုက်ပြောနေသည်။လင်ပန့်ရှလက်ရမ်းလိုက်ပြီး : "မင်းသတိနည်းနည်းထားဦးမင်းကံမကောင်းဘူးလို့ခံစားနေရတယ်"

လီစူးကလင်ပန့်ရှကိုဘာသာကူပြန်ပေးတော့ရှဲ့အာကိုက်မြစ်ကိုတစ်ချက်ကြည့်လိုက်ပြီးပြောသည် : "အခုမှမင်းတို့နှစ်ယောက်ကအဲ့ဒီမကောင်းဆိုးဝါးမဟုတ်ဘူးဆိုတာလုံးဝသေချာသွားတယ်"

"အဲ့ဒါဆိုမနေ့ကမင်းငါ့ကိုဘာလို့အဲ့လောက်လွယ်လွယ်လေးနဲ့သေနတ်ကိုပေးလိုက်တာလဲ?"လီစူးမျက်ခုံးပင့်လိုက်မိသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now