(zawgyi)
"အရှင့်သား ... ကပွဲကနေ အခုလို ထွက်လာလို့ တကယ် အဆင်ပြေရဲ့လား?"
ထိုအကြောင်းကိုပင် အခုထိ တတွတ်တွတ် ပြောနေတဲ့ ကောင်လေးကြောင့်
Minhyung သက်ပြင်းဖွဖွ ချမိပြီးသာ ခြေလှမ်းတွေကို တုံ့ခနဲ ရပ်လိုက်တော့၏။ရုတ်တရက်ဆိုတော့ သူ့အနောက်ကနေ လိုက်လာတဲ့ Donghyuck က မသိလိုက်ဘဲ ကျောပြင်ကို ဝင်တိုက်တော့တာပေါ့။
"အယ့် - အရှင့်သား ဘာဖြစ်လို့လဲဟင်?"
ဒါပဲ ခနတိုင်း ပြောနေလို့ ဆူဦးမယ်ဆိုပြီး ရည်ရွယ်ရင်းပင် ကောင်လေးရဲ့ဘက်ကို သူ စိတ်မရှည်ဟန် လှည့်လိုက်ပေမယ့် မျက်လုံးဝိုင်းလေးနဲ့ ဆုံတဲ့အခိုက်မှာတော့ ပြောမယ့် စကားလုံးတွေဟာ ကြက်ပျောက်ငှက်ပျောက်။
နဖူးလေးကို ပွတ်ရင်း စိုးရိမ်စွာ တိုးတိုးလေး မေးလာတဲ့ Donghyuck က သူ့အတွက် သိပ်ကို အူးယားစရာကောင်းလွန်းနေသည်လေ။
"အဆင်ပြေတယ်လို့ဆိုနေ ... တအား မစိုးရိမ်နဲ့ ဟုတ်ပြီလား? ခဏခဏ အဲ့အကြောင်းပဲ ထပ်ပြောနေမယ်ဆိုရင် ပါးစပ်လေး ပိတ်သွားအောင် ကိုယ် အကြမ်းနည်းသုံးတော့မှာနော်"
ပေတူးလေးရဲ့ မျက်နှာနားကို Minhyung နီးကပ်စွာ တိုးကပ်လိုက်ကာ ခပ်ထေ့ထေ့ ပြုံးရင်းပင် ပြောလိုက်တဲ့အခါမှာတော့ ပြူးကျယ်သွားခဲ့တဲ့ မျက်လုံးဝိုင်းလေးတွေ။
"အ-အကြမ်းနည်း?"
"အင်း ... နောက်တစ်ခါ ထပ်ပြောရင် အဲ့ကျ ကိုယ့်အဆိုးမဆိုနဲ့"
သွေးရောင်သန်းသွားတဲ့ ကောင်လေးရဲ့ ပါးပြင်လေးကို သူ ခပ်ဖွဖွ ညှစ်ကာ နောက်ရွှတ်ရွှတ် ပြောလိုက်ပြီးပင် စာကြည့်ခန်းဆီကိုသာ ပြန်ဦးတည်လိုက်တော့၏။
ထိုအခါမှပဲ ကျေးဇူးရှင်လေးက နှုတ်ဆိတ်စွာပင် လိုက်ခဲ့တော့သည်။
"ရော့ ... လောလောဆယ်တော့ သေးတာဆိုလို့ ဒီအင်္ကျီပဲ ရှိတယ်။ ဒါပဲ အရင် ဝတ်ထားလိုက်"
အစည်းအဝေးတွေကနေ ကပွဲကို ဆက်တိုက် သွားရတတ်တဲ့ ရံဖန်ရံခါ အခြေအနေတွေကြောင့် အိပ်ဆောင်ထိ အဝတ် ပြန်လဲဖို့ အချိန်မရတော့၊ စာကြည့်ခန်းမှာသာ အချို့အင်္ကျီတွေကို Minhyung အရံထား,ထားသည်လေ။
YOU ARE READING
behind the castle's walls {markhyuck}
Fanfiction(zawgyi) "အဆင့်အတန်းတွေကို ဘေးဖယ်ထားပြီး ဒီအတိုင်း မင်းနဲ့ကိုယ်ပဲ ဆိုရင်ရော ..." (unicode) "အဆင့်အတန်းတွေကို ဘေးဖယ်ထားပြီး ဒီအတိုင်း မင်းနဲ့ကိုယ်ပဲ ဆိုရင်ရော ..." main: markhyuck language: burmese start: 6.6.2023 end: