Chapter 1

228 27 0
                                    

(zawgyi)

Eir-Wen တိုင်းပြည်ရဲ့ တော်ဝင်မိသားစု ကျင်းပတဲ့ ဒီကပွဲကြီးက ရွှေရောင် တဖိတ်ဖိတ်တောက်ပလို့။

ဝတ်ကောင်းစားလှတွေနဲ့ လာတက်ရောက်တဲ့ အထက်တန်းလွှာတွေ ခေါ်ကြတာ ဒါဟာ 1850 နှစ်သစ်ရဲ့ အခမ်းနားဆုံး ကပွဲတဲ့လေ။

သူကိုယ်တိုင်လည်း ခန်းမထဲကို ဝင်ဝင်လာချင်းပင် အံ့အားသင့်စရာကောင်းတဲ့ အပြင်အဆင်တွေကြောင့် ထိုစကားကို လက်ခံ ယုံကြည်ခဲ့ပါ၏။

ဒါပေမယ့်လည်း အခုတော့ ငြိမ့်ညောင်းလှတဲ့ တေးသွားနှေးနှေးလေးတွေကပင် သူ့အတွက် ဆူညံလွန်း၏။ အရာရာတိုင်းဟာ သူ့ကို ပိတ်လှောင်ထားသလို မွန်းကြပ်စေသယောင်။

ထပ်ခါတလဲလဲ ကြားနေရတဲ့ ဘယ်တော့မှ မကွဲပြားသော အကြောင်းအရာတွေကို သိပ်စိတ်ဝင်စားသလို ဟန်ဆောင်နေရတာရယ်၊ မမောပန်းနိုင်စွာ ကခုန်နေကြတဲ့ လူတွေကြောင့် တဖြည်းဖြည်း အမြင်ရှုပ်လာတော့ Minhyung ဒီနေရာကနေ အမြန်ဆုံး ထွက်ပြေးချင်နေပြီ။

မြောက်ပိုင်းနယ်စပ် ကုန်သွယ်ရေးအတွက် ဒေသခံတွေနဲ့ ငြိမ်းချမ်းရေး ယူပြီးပြီးချင်းပင် ကပွဲကြောင့် မြို့တော်အထိ နေ့တွင်းချင်း ပြန်လာရတော့ ခန္ဓာကိုယ်ကို သူ လှုပ်တောင်မလှုပ်ချင်တော့ဘူးလေ။

စိတ်ရှိလက်ရှိသာဆို အိပ်ဆောင်ကိုသာ Minhyung ပြန်လိုက်ပြီဆိုပေမယ့် မယ်တော်က သူ့ကို ရုတ်တရက် လိုက်ရှာလို့ မတွေ့ရင်ဖြင့် နောက်နေ့ မနက်ကျရင် တရားတွေ နာရမှာစိုးလို့သာ ကြိတ်မှိတ်နေနေရခြင်း။

ဒါပေမယ့်လည်း တစ်ခန်းမလုံး နေရာအနှံ့ ခုန်ပေါက် ကနေကြတဲ့သူတွေကြောင့် အာရုံအတော်နှောက်လာတော့ ဝရံတာဆီသာ သူ ထွက်လာခဲ့လိုက်ပါ၏။

ကျေးဇူးတင်ဖို့ကောင်းစွာ လူတွေကလည်း အိမ်ရှေ့စံ မင်းသားနဲ့ ကြင်ယာတော် နားမှာ တဝဲလည်လည် လုပ်နေတော့ ကပွဲကနေ သူ ခဏလောက် ပျောက်သွားလည်း ဘယ်သူမှ သတိထားမိလောက်မှာ မဟုတ်ပါဘူးလေ။

ဆောင်းဦးဖြစ်တဲ့အပြင် ညသန်းခေါင်လောက် ရှိနေပြီမို့လို့ ခန်းမ အပြင်ဘက်ကို ထွက်လျှင်ထွက်ချင်းပင် ကြက်သီးမွေးညင်းတို့က ဖြန်းခနဲ။

behind the castle's walls {markhyuck}Where stories live. Discover now