Chapter 14

134 20 2
                                    

(zawgyi)

"Johnny ... စောင့်နေခိုင်းမိလို့ တောင်းပန်ပါတယ်"

Minhyung စာကြည့်ခန်းထဲ ဝင်လျှင်ဝင်ချင်းပင် ထိုင်စောင့်နေသူကို အရင် တောင်းပန်စကား ဆိုလိုက်ပါ၏။

"ကိစ္စမရှိပါဘူးကွာ။ ငါလည်း တစ်ခြား လုပ်စရာမှ မရှိတာ ဟား ဟား ..."

သူနဲ့ ငယ်ပေါင်းဖော် သူငယ်ချင်းအရင်းကြီးလည်း ဖြစ်တဲ့ Corize တိုင်းပြည်ရဲ့ အိမ်ရှေ့မင်းသားကတော့ အမြဲ ပြုံးပြုံးရွှင်ရွှင်ပင်။

"အဲ့ဒီတော့ ... Eir-Wen ကို ပြန်လာရတာ ဘယ်လိုလဲ? နန်းတော်ကို မလာခင် 'Sunnydale' ကိုက အရင် သွားခဲ့ပြီမလား?"

သူငယ်ချင်းဖြစ်သူရဲ့ မျက်နှာချင်းဆိုင်က ခုံမှာသာ သူ ဝင်ထိုင်လိုက်ရင်း စနောက်ပြီး မေးလိုက်တဲ့အခါမှာတော့ Johnny ခမျာ သောက်လက်စ လက်ဖက်ရည်တောင် သီးသွားရ၏။

Minhyung ကတော့ တဟွတ်ဟွတ်နဲ့ ရင်ဘတ်ကိုပါ ထုနေရတဲ့ Johnny အဖြစ်ကို ကြည့်ပြီး ခပ်ထေ့ထေ့ပင် ပြုံးရင်း လက်ဖက်ရည်ကိုသာ အေးဆေး သောက်နေ၏။

အကြောင်း မသိတဲ့သူတွေကျလို့ Johnny တို့များ အခုမှ အရှက်ကြီးပြနေတာလေ။

"အပိုတွေ ပြောမနေနဲ့။ မင်းလည်း ကလေးတစ်ယောက်ကို ခေါ်သွားတယ်ဆို။ မြို့ထဲသွားရင် Jaemin ကိုတောင် မခေါ်သွားတဲ့ကောင်က ထူးထူးခြားခြား ..."

ထေ့ငေါ့ပြောလာတဲ့ သူငယ်ချင်းရဲ့ စကားကြောင့် သူ ခပ်တိုးတိုးသာ ရယ်လိုက်ပါ၏။ ပြောတာ မှားမှ မမှားဘဲလေ။ သို့သော်လည်း ထို့နောက်မှာတော့ တည်သွားမိတဲ့ သူ့ရဲ့ မျက်နှာအမူအရာ။

"အင်း ... အဲ့တာကြောင့်ပဲ ငါ မင်းကို ဒီကပွဲကို မဖြစ်မနေ လာဖို့ တောင်းဆိုလိုက်တာပဲ"

ထိုစကားစမှာတော့ Johnny ကလည်း လေးလေးနက်နက် ကိစ္စတစ်ခုကို သူ ပြောတော့မယ်ဆိုတာ သိနေသလို၊ လက်ဖက်ရည်ခွက်ကို ချလိုက်၏။

"Johnny ... ငါ့ကို ဒီတိုင်းပြည်ကနေ ထွက်သွားလို့ရအောင် ကူညီပေးပါ"

ရုတ်ချည်းဆိုသလို Minhyung ဆီက မထင်မှတ်ထားတဲ့ စကားကြောင့် Johnny တစ်ယောက် ကြောင်တောင်ကြောင်သွား၏။

behind the castle's walls {markhyuck}Where stories live. Discover now