Chapter 12

157 22 4
                                    

(zawgyi)

လှလွန်းတဲ့ နေဝင်ရီတရော ရှုခင်းက မှင်သက်သွားစေပေမယ့် Donghyuck အမှန်တိုင်း ဝန်ခံရလျှင်တော့ ပုခုံးချင်း မထိရုံတင်လေး ဘေးကပ်ရပ်မှာ ထိုင်နေတဲ့ တစ်စုံတစ်ယောက်ကိုသာ သူ ပိုပြီး ငေးကြည့်နေမိတယ်ဆိုတာ။

ဦးနှောက်က ခွင့်မပြုပေမယ့် နှလုံးသားကတော့ ဝန်ခံချင်ပါရဲ့။

မတွေ့ရတဲ့ ရက်တွေအတွင်းမှာ ထိုလူသားကို သူ တကယ် သတိရနေခဲ့တာလေ။

နှင်းကဲ့သို့ ဖွေးစွတ်နေတဲ့ မျက်နှာပြင်ပေါ်မှာ ပါးပါးလေး ဖြာကျနေတဲ့ ဝါကျင့်ကျင့် နေရောင်တို့ကြားက Minhyung ဟာ သိပ်ကို ချောမောတဲ့ မင်းသားတစ်ပါးပင်။

သို့ပေမယ့်လည်း မိုးနဲ့မြေလို ကွာခြားလှတဲ့ အဆင့်အတန်းကြောင့် သူ့အတွက်တော့ သက်ဆိုင်ခွင့် မပြောနဲ့၊ မျှော်ကြည့်ခွင့်တောင် မရှိတဲ့သူပေါ့။

အခုလို နီးကပ်ခွင့်လေး ရရုံတင်ကို Donghyuck မှာ ကံကောင်းလွန်းနေပြီလေ။

"ကိုယ် နို့အီကလဲ မကြိုက်ဘူး"

ကိုယ့်ဘာသာကိုယ် အတွေးလွန်နေတုန်းမှာပဲ ရုတ်တရက် ပြောလာတဲ့ အရှင့်သားရဲ့ စကားကြောင့် သူ ကြောင်အမ်းသွားမိ၏။

Minhyung က ဘာကို ဆိုလိုချင်တာလဲဆိုတာ သူ ခပ်မြန်မြန်ပင် ဦးနှောက်ကို အလုပ်ပေးလိုက်ကာမှ ပြန်မှတ်မိသွားတာက မယ်တော်ကြီးရဲ့ စကားတစ်ချို့။ 'နို့အီကလဲ ... သားငယ် ကြိုက်တယ်မလား?' တဲ့လေ။

သူ့မှတ်ဥာဏ် ကောင်းသေးတယ်ဆိုရင်တော့ အရှင့်သားကလည်း သေချာပေါက် 'ကြိုက်တယ်' လို့ ပြောခဲ့တာပါ။

"ဟင်?"

Donghyuck နားမလည်တဲ့ အသံလေး ပြုလိုက်တဲ့အခါမှာတော့ ထိုလူသားက သူ့ဘက်ကို လှည့်ကြည့်လာကာ ခပ်ဩဩသာ ရယ်၏။

"တကယ်တော့ ကိုယ်က နို့နဲ့ မတည့်ဘူး။ ထူးဆန်းတယ်နော် ... အဲ့တာကို မယ်တော်ကလည်း မသိသလို၊ ကိုယ်ကလည်း ကြိုက်တယ်လို့ ဟန်ဆောင်ခဲ့တာ ..."

လုံးဝကို မထင်မှတ်ထားတဲ့ ဝန်ခံမှုကြောင့် သူ့မှာ နှလုံးပင် ရပ်သွားမတတ်၊ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားရ၏။

behind the castle's walls {markhyuck}Where stories live. Discover now