𝐒𝐄𝐕𝐄𝐍 14

Start from the beginning
                                    

"ဘယ်မှာကြည့်လို့လဲ မ~မကြည့်ပါဘူး"

နားရွက်လေးတွေပင်နီမြန်း၍ ပါးလေးတွေပင်အရောင်သန်းလာလို့နေပြီ သူ့အားဗြောင်ငြင်းနေသည့် ‌Babyကိုကြည့်ကာ သူသဘောကျစွာပြုံးမိတော့သည်။

"ဟို~ပြန်မယ်လေ"

ကားအားရပ်ထားတာကြာနေပြီမို့ ထယ်ယောင်းပြောလိုက်မိတော့သည် တကယ်တမ်းတော့ သူလူရမ်းကားကောင်နဲ့ကားထဲမှာကြာကြာမနေချင်ပါ ဘာလို့ဆိုထိုနေ့က ကားထဲကပုံရိပ်တို့ဟာ သူ့အတွေးတို့ထပ်ဆိုးမိုးလာပြန်တာမို့ ထယ်ယောင်းခေါင်းကိုခါရမ်းလိုက်မိတော့၏။

ထပ်ပြီးမတွေးမိတော့ရင်ကောင်းမယ်၊

.

.

.

.

.
ထယ်ယောင်းရေချိုးခန်းထဲကထွက်လာထဲကလူရမ်းကားအားမတွေ့တာကြောင့် နေရသည်မှာသက်သောင့်သက်သာရှိလှသည်။

ဂွီ...ဂွီ..

အိပ်ယာထပ်ဖုန်းသုံး‌နေရင်းဗိုက်ထဲကဆန္ဒပြလာတာမို့ ထယ်‌ယောင်းနူတ်ခမ်းသားအားလျှာဖြင့်သပ်ကာ လက်ထဲကဖုန်းအားအိပ်ယာထပ်ချထားမိရင်း ဗိုက်အားလက်ဖြင့်ပွတ်သပ်မိကာ။

"ဗိုက်ကဆာလာပြီ"

လူရမ်းကားကောင်အောက်ထပ်မှာရှိနေတာမို့ ထယ်ယောင်းအောက်ထပ်သို့မဆင်းချင် ဘာကြောင့်မှန်းမသိပေမယ့် လူရမ်းကားအားမြင်ရင်ထယ်ယောင်းမျက်နှာတွေပူလာကာ ရင်တွေခုန်လာပြီးနေရသည်မှာအဆင်မပြေလှ။

ကျန်တာသည်းခံလို့ရတယ် ဗိုက်ဆာတာကတော့သည်းခံလို့မရ၊

ချက်ခြင်းပင် အိပ်ယာထပ်၌မတ်တပ်ထရပ်လိုက်ကာ အိမ်တွင်းစီးဖိနပ်လေးအားစီးကာပင် အောက်ထပ်သို့ဆင်းလာခဲ့လိုက်တော့သည်။

အောက်ထပ်သို့ရောက်တော့လဲ ဧည့်ခန်း၌Computerအားစိုက်ကြည့်နေသည့် လူရမ်းကားကိုမြင်ရတော့သည်၊ထယ်ယောင်း လူရမ်းကားကိုကြည့်နေစဉ်မှာပဲ သူ့ဘက်အားလှည့်လာသည့် လူရမ်းကားကအကြည်ရောင်မျက်မှန်လေးတစ်လက်တပ်လို့ထားသေးသည်။

"ယောင်းဗိုက်ဆာလို့လား"

မေးလာသည့်လူရမ်းကားအမေးကို ထယ်ယောင်းစောင်းချိတ်ကာမဖြေနိုင် ဗိုက်ကတကယ်ပင်ဆန္ဒပြလို့နေတာကြောင့် ခေါင်းအားအသာငြိမ့်ပြကာ။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now