𝐒𝐄𝐕𝐄𝐍 13

Start from the beginning
                                    

"အားနာစရာကြီး ဘာလို့သွားဝယ်ခိုင်းတာလဲ"

"မဟုတ်ရင်‌ယောင်းကကော်ဖီကိုရှုံ့မဲ့ပြီးသောက်မလို့လား"

ထယ်ယောင်းလူရမ်းကားကိုစိုက်ကြည့်မိရင်း
ထိုအခါမှသာ။

"မင်း~ငါကော်ဖီမ‌ကြိုက်တာဘယ်လိုသိလဲ"

"ကိုယ်ဘယ်လိုစဉ်းစားစဉ်းစား စဉ်းစားလို့မရဘူး ကော်ဖီဆိုင်ပိုင်ရှင်က ကော်ဖီဆိုင်ကြီးဖွင့်ပြီး ကော်ဖီမသောက်နိုင်ဘူးဆိုတာ"

‌လူရမ်းကားအပြောကြောင့်ထယ်ယောင်း သူ‌ခိုးလူမိသလို ဂုတ်ပိုးအားလက်ဖဝါးဖြင့်ပွတ်သတ်မိတော့သည် သူကိုယ်တိုင်လဲကော်ဖီသောက်ရတာမနှစ်သက်ပေမယ့် ဘာကြောင့်ကော်ဖီဆိုင်ဖွင့်ဖို့ရာအားသန်ခဲ့လဲဆိုတာ သူ့ကိုယ်သူပင်နားမလည်ခဲ့။

"ကော်ဖီမကြိုက်တိုင်း ကော်ဖီဆိုင်မဖွင့်ရဘူးလို့ ဘယ်တရားသူ‌ကြီးကအမိန့်ထုတ်ထားလို့လဲ"

"ကိုယ်စဉ်းစားလို့ရပြီ"

သူ့ထိုင်ခုံနား ခုံတွန်း၍ရောက်လာသည့်လူရမ်းကားကို‌ထယ်ယောင်းမျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိတော့သည်။

"အနာဂတ်အမျိုးသားလေးအကြိုက်ကို မတွေ့ခင်ထဲကကြိုတင်စီမံထားတာလား"

သူ့အားစေ့စေ့ကြည့်ကာပြောလာသည့် လူရမ်းကားကြောင့် ထယ်ယောင်းမျက်တောင်တို့အားတစ်ဖြတ်ဖြတ်ခတ်မိကာ ထိုလူရမ်းကား ရင်ဘတ်ကိုလက်တို့ဖြင့်အသာတွန်းလိုက်မိတော့ သူခုံကအနောက်သို့အနည်း၍ရွေ့ကာ သူနဲ့အနည်းငယ်ဝေးကွာသွားတော့မှ။

"ဘယ်သူ~~ဘယ်သူကကြိုတင်စီမံထားမှာလဲရူးနေလား"

.

.

လူရမ်းကားညီဟုဆိုကာ မိတ်ဆက်‌ပေးလာသည့် ကောင်လေးကိုထယ်ယောင်းကြည့်ရသလောက်ကတော့ ဟိုလူရမ်းကားလို့မဟုတ် စကားပြောယဉ်ကျေးသလို ခဏခဏပြုံးပြတတ်သည့်ကောင်လေးကခင်ဖို့ကောင်းလှသည်၊ ဟိုလူရမ်းကားကောင်ကတော့Companyရောက်ထဲကတစ်လောကလုံး သူ့လုပ်စာထိုင်စားနေသလိုမျက်နှာဘေးနဲ့ သို့သော်ငြားသူ့ကိုတော့ထိုသို့မဟုတ် မျက်နှာကစပ်ဖြဲဖြဲနဲ့မျက်နှာရူး။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now