𝐒𝐄𝐕𝐄𝐍 12

Start from the beginning
                                    

.

.

.

.

.

"ကိုယ်အလုပ်ကိုသွားရမှာ ယောင်းတစ်ယောက်တည်းဖြစ်ပါ့မလား"

"မင်းကဘယ်ချိန်ပြန်လာမှာလဲ"

ထိုအခါမှဂျောင်ကုလက်ကောက်ဝတ်၌ပတ်ထားသည့်အမဲရောင်နာရီအားငုံ့၍ကြည့်ကာ။

"ကိုယ်ညနေ3နာရီလောက်မှပြန်လာလို့ရမှာ"

မနက်တည်းကဝတ်စုံအပြည့်ဝတ်ထားသည့်လူရမ်းကားအား ထယ်ယောင်းမျက်တောင်မခတ်တမ်းလိုက်ကြည့်နေမိကာ ထိုလူရမ်းကားကခုလိုကြတော့လဲ တစ်မျိုးချောနေပြန်သည်ဟု၍တောင်မှတ်ချက်တွေပေးနေခဲ့သေးတာ။

"ဟို~~~"

"ယောင်းအဆင်မပြေ~~~"

"လိုက်ခဲ့လို့မရဘူးလားဟင်"

ထယ်ယောင်းထိုလူရမ်းကားမျက်ဝန်းအားစေ့စေ့ကြည့်ကာမေးလိုက်မိတော့သည်၊သူနှင့်စိမ်းသက်နေသည့်ဒီအိမ်ထဲမှာတော့ သူ့တစ်ယောက်တည်းမနေရဲတာတော့အမှန်ပင် ထိုလူရမ်းကားနဲ့အတူနေချိန်ဆိုထယ်ယောင်းကြောက်စိတ်မဝင်မိပေမယ့် လူရမ်းကားကောင်မရှိတော့မယ့်အချိန်ဆိုသည့်အတွေးက တကယ်ပင်ခြောက်လန့်စရာ။

"ကိုယ်ခေါ်ရင်ယောင်းမလိုက်ချင်မှာဆိုးလို့ကိုယ်ကမခေါ်တာ ယောင်းလိုက်ချင်လိုက်ခဲ့လို့ရတယ်"

"အဲ့ဒါဆိုခဏစောင့်ပေးလို့ရလား"

ထယ်ယောင်း‌ ဂျောင်ကုဆီကအဖြေကိုမျှော်လင့်တစ်စားစောင့်နေမိသည် သူ့ကြောင့်အလုပ်ချိန်နောက်ကျမှာကိုတော့ ထယ်ယောင်းမလိုချင်ပါ၊ ထိုအခါမှသူ့အားပြုံးပြလာသည့်လူရမ်းကားက ခေါင်းငြိမ့်ပြသည်မို့ ထယ်ယောင်းအမြန်ပင်ရေချိုးခန်းထဲပြေးကာ အဝတ်စားအမြန်လဲရတော့သည်။

.

.

.

.
ကားပေါ်ကဆင်းသွားသည့်လူရမ်းကားကြောင့် ထယ်ယောင်းအပြင်ဘက်အားခေါင်းပြူကြည့်မိတော့ သူ့မျက်ဝန်းထဲဝင်လာသည့်က Jeon company ဟုရေးထိုးထားသည့်စာလုံးတို့ကြောင့် ထယ်ယောင်းနူတ်ဖျားမှရေရွတ်မိသည်က။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now