Chapter 46 (unicode)

796 75 0
                                    

                ဗီလိန်မလေးရဲ့ စုတ်ချက်

မူရင်းစာရေးသူ - 리티티
ဘာသာပြန်သူ - Marilee

                                 ****

အခန်း ၄၆

               မစ်ခ်ဟေးတစ်ယောက် ကြောက်စရာအရောင်အဝါတစ်မျိုး ဆက်လက်ထုတ်လွှတ်ရင်းကနေ သူ့နှုတ်ခမ်းမှာ စဉ်းလဲတဲ့အပြုံးတစ်မျိုး ပေါ်လာခဲ့တယ်။

               "ကောင်းပြီ။ ငါ ဗိုင်အိုလတ်က အိုင်လင်းန်ကို အဆိပ်ခတ်ခဲ့တယ်လို့ ထင်နေတုန်းပဲလားလို့ မေးတယ်ပေါ့လေ။ အဲ့ဒါက မလွဲမသွေကိုဖြစ်မဲ့ကိစ္စပဲကွ။ ဟောဒီစံအိမ်ကြီးထဲမှာ အဲ့ဒီသနားစရာကလေးမလေးကို လုံးဝမုန်းတီးနေတဲ့ တစ်ဦးတည်းသောသူက ဗိုင်အိုလတ်ပဲ။ နယ်စားမင်းအိမ်တော်က သခင်မလေးကို ရာရာစစ အဆိပ်ခတ်ဝံ့တဲ့သူ တခြားဘယ်သူများရှိဦးမယ် ထင်နေတာလဲ။"
   
               "..."

               ရိုအန်းတစ်ယောက် မစ်ခ်ဟေးဆီကနေ ခြေတစ်လှမ်းဆုတ်ခွာလိုက်တယ်။
               ဗိုင်အိုလတ်က အခုလိုအခြေအနေမျိုးမှာတောင် မစ်ခ်ဟေးကို ခွန်းတုံ့ပြန်ငြင်းဆိုလေ့ရှိခဲ့ဖူးပါတယ်။
               ညီမငယ်လေးရဲ့ရင်ထဲမှာ အမုန်းအငြိုးတွေ ဘယ်လောက်အုံဖွဲ့စုစည်းနေလိမ့်မလဲဆိုတာကို သဘောပေါက်နားလည်လိုက်မိတဲ့ ရိုအန်းက ခါးသီးစွာပြုံးလိုက်တယ်။

               "မင်းက အရေးမပါတာတွေချည်း ပြောနေတော့တာပဲ။"

               "အဲ့ဒါကို ဗိုင်အိုလတ် လုပ်ခဲ့တာမဟုတ်ဘူး။ အဲ့ဒါကို သက်သေပြဖို့ အထောက်အထားလည်းရှိတယ်လေ မဟုတ်ဘူးလား။"

               "အထောက်အထားတို့ စာရွက်စာတမ်းတို့ဆိုတာတွေက အကြိမ်ကြိမ်အတုဖန်တီးလို့ရတဲ့အရာတွေပဲ။ မင်းက အဲ့ဒါကို လူတကာထက် ပိုသိသင့်တာပေါ့။"

               "ဒီတော့ အဖေ့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ အပြစ်အနာအဆာရှိနေတယ်လို့ ပြောနေတာပေါ့လေ။"

               "သူက နယ်စားမင်း အဲဗရက်မဟုတ်လား။ သူ သမီးလို့ခေါ်ခေါ်နေတဲ့ အဲ့ဒီမိန်းမယုတ်နဲ့ ပတ်သက်လာရင် အမြဲတမ်းစုံလုံးကန်းသွားတတ်တဲ့လူလေ။"

ဗီလိန်မလေးရဲ့ စုတ်ချက် [ဘာသာပြန်]Where stories live. Discover now