Chapter 4 (unicode)

1.3K 120 0
                                    

ဗီလိန်မလေးရဲ့ စုတ်ချက်

မူရင်းစာရေးသူ - 리티티

ဘာသာပြန်သူ - Marilee

****

အခန်း ၄

"ကျွန်မရဲ့ အနုပညာစွမ်းရည်ကို တိုးတက်အောင်လုပ်ဖို့အတွက် ပန်းချီဆွဲချင်တာမဟုတ်ပါဘူး။ ဆရာခေါ်သင်ဖို့လည်း မလိုအပ်ဘူး။ ဒီအတိုင်း လိုအပ်တဲ့ပစ္စည်းတွေ ပေးရင်ကိုလုံလောက်ပါပြီ"

"..."

နယ်စားမင်းက ဘာမှပြန်မဖြေခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ အမူအယာကိုက ခွင့်ပြုချက်ပေးတဲ့ပုံဆိုတာမှန်း ဗိုင်အိုလတ် သိလိုက်တယ်။
ဒါက တကယ်ကို မခက်ခဲတဲ့ တောင်းဆိုချက်ဖြစ်တာကြောင့် ခွင့်ပြုချက်ရဖို့ဆိုတာ လုံးဝဖြစ်နိုင်တယ်လေ။ ဗိုင်အိုလတ်က နယ်စားမင်း ဘာပြန်ပြောမှာလဲဆိုတာကို ထပ်ပြီး ကောက်ချက်ဆွဲမိပြန်တယ်။
သူ့ရဲ့ အရင်ဘဝတုန်းက အသက်ကို အခုဘဝမှာ ထပ်ပေါင်းလိုက်ရင်တောင် သူက နယ်စားမင်းထက် ငယ်နေပါသေးတယ်။ ဒီတော့ နယ်စားမင်းစိတ်ထဲမှာ ဘာအတွေးရှိတယ်ဆိုတာ ဗိုင်အိုလတ်တစ်ယောက် မခန့်မှန်းနိုင်ခဲ့ဘူးပေါ့။
ဗိုင်အိုလတ်အတွက်တော့ ပန်းချီဆွဲချင်တယ်လို့ ပြောလိုက်တာက စိတ်အပြောင်းအလဲကြောင့် ကောက်ကာငင်ကာ ထလုပ်ဖြစ်တဲ့သဘော ပိုပါတယ်။ စိတ်အပြောင်းအလဲအဖြစ် လုပ်တယ်ဆိုရင်တောင် သူက လုံးဝအဖျက်ခံလိုက်ရတဲ့ သူ့အရင်ဘဝကို ရှေ့ဆက်ချင်ခဲ့တယ်လေ။
မဟုတ်ဘူး။ အဲ့ဒါထက် ဗိုင်အိုလတ်က လွတ်မြောက်လမ်း လိုအပ်နေတာပါ။ အဲ့ဒါကြောင့် သူက အရင်ဘဝတုန်းက လုပ်နေကျအရာကို ဆက်လုပ်ဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။
အဲ့ဒီထက်မပိုသလို အဲ့ဒီထက်လည်း မလျော့ခဲ့ပါဘူး။
စာရွက်စာတမ်းတွေ စီစဉ်နေရာချနေရင်းကနေ နယ်စားမင်းရဲ့ လက်တွေ ခဏလောက် ရပ်သွားခဲ့တယ်။ ဗိုင်အိုလတ်ရဲ့ သူ့ဆီလာရင်းကိစ္စက ပြီးသွားပြီဆိုပေမဲ့ အခုထိ ပြန်မသွားသေးပါဘူး။ ဒီတော့ နယ်စားမင်းကပဲ ပြောလိုက်တယ်။

"နင် အခုထိ မသက်သာသေးဘူးလေ။ ပြန်သွားပြီး နားတော့"

"...ကျွန်မကို စိတ်ပူနေတာလား"

ဗီလိန်မလေးရဲ့ စုတ်ချက် [ဘာသာပြန်]Where stories live. Discover now