Part -36

2K 131 45
                                    


# Unicode #

" မင်းဘဲ ဖန်တီး နိုင်မလား ငါဘဲ လှံနဲ့ ထိုးနိုင်မလား ကြည့်ကြတာပေါ့! "

ဂျီမင်က လှံကို သုံးပြီး တိုက်ပွဲကွင်းထဲကို ပြန်ဝင်လိုက်သည်။

ခနက ဂျောင်ဂု တိုက်တဲ့ ဆေးလုံး‌ကြောင့် ဂျီမင်ရဲ့ တစ်ကိုယ်လုံး အားအင်အပြည့်ဖြစ်နေ၏။အားမန့်အပြည့်နဲ့ ရိုင်လီ ဖန်းဆင်းထားတဲ့ အကောင်တွေကို အစွမ်းသုံးလိုက် လှံတံနဲ့ တိုက်ခိုက်လိုက်ဖြင့် တလှည့်ဆီ အသုံးပြုနေသည်။

ဆော့ဂျင်နဲ့ ဂွန်းဟူလည်း သူတို့ရဲ့ လက်နက်တွေကို ထုတ်ကာ အသုံးပြုလိုက်သည်။

" အာ့! "

တိုက်ခိုက်နေတုန်း အနောက်ကနေ အကန်ခံရတာကြောင့် ဆော့ဂျင် ဒေါသထွက်သွာ၏။သူ့ကို ကန်တဲ့ အကောင်ကို လှည့်ကြည့်လိုက်သည်။

" တောက်စ်! ခွေးဝဲစား!! ငါ့ကို ကန်တယ်ပေါ့!! တွေ့မယ်!! "

ဆော့ဂျင်က အံတကြိတ်ကြိတ်နဲ့ ပြောပြီး အဲ့အကောင်နဲ့ မျက်နှာကို ဒယ်ပြားနဲ့ ပိတ်ရိုက်လိုက်၏။

" ဗန်း! ဗန်း! "

" သေစမ်း! မသေ မချင်း ရိုက်သတ်နေမှာ...ဗန်း ! ‌ဗန်းး "

ဆော့ဂျင်က ဒယ်ပြားနဲ့ မျက်နှာကို ချည်းဖျတ်ရိုက်နေသဖြင့် သူ့ရှေ့က အကောင်မှာ တစ်မျက်နှာလုံးဖူးယောင်နေသည်။ဝံပုလွေ မျက်နှာပြင်မှာ ဒယ်ပြားရာ တွေ ဟပ်နေပြီး နှာသီးကြီးလည်း နီရဲနေ၏။

ဆော့ဂျင်ရဲ့ ဒယ်ပြားက အစွမ်းတွေ သုံးထားတာမို့ တစ်ချက်အရိုက်ခံရတာက ကြာပွတ်နဲ့ အချက်သုံးဆယ်လောက် ရိုက်တာနှင့် ညီမျှ၏။မကြာခင်မှာဘဲ ဆော့ဂျင်ရဲ့ ဒယ်ပြားလက်ချက်ဖြင့် သေသွားတဲ့ ဝံပုလွေနက် တစ်ကောင်...

ဂွန်းဟူကတော့ နီးစပ်ရာ အပင်ပေါ်ကို တက်လိုက်ပြီး ခိုင်ခံတဲ့ သစ်ပင်ဂွကြားမှာ သေချာနေရာယူကာ ထိုင်လိုက်သည်။သူ့ရဲ့ လေးဂွက အဝေးကနေ ပစ်လေ ပိုအားပြင်းကာ အထိနာနိူင်တာမို့ သစ်ပင်ပေါ်ကနေ ပစ်ဖို့ ဆုံးဖြတ်လိုက်တာပင်

" ဝှီးး ဝှီးးး ဝှီးး "

လေးဂွ နဲ့ အပေါ်ကနေ တစ်ဖက်က ရိုင်လီ ဖန်ဆင်းထားတဲ့ အကောင်တွေကို သေချာချိန်ပြီး ပစ်နေလိုက်သည်။

A Lover of Mafia ( Complete )Where stories live. Discover now