Part -15

3.1K 157 110
                                    

# Unicode #

ပြီးတဲ့အပိုဒ်က waring အမှတ်သားမပါတော့ ဖတ်တာ နည်းနည်းလန့်သွားတဲ့ဟုတ်😁

~

~

~

" အစ်ကိုဂျွန်း သေချာရဲ့လား..အခုဆို ဂျောင်ဂုက ပျောက်နေတာ ငါးရက်ရှိပြီ ..ကျွန်တော့်သူငယ်ချင်း ဘာ‌ဖြစ်နေပြီလဲ မသိဘူး..."

ဂျီမင်က ငိုမဲ့မဲ့နဲ့ပြောလာသလို ဆော့ဂျင်နဲ့ ဂွန်းဟူကလည်း ငိုမဲ့မဲ့ရုပ်ကလေးတွေနဲ့...

ယွန်ဂီနဲ့ ဟိုဆော့ကတော့ တစ်ခုခုကို အတွေးပေါက်သဖြင့် ပြုံးစိစိဖြစ်နေကြသည်။

" သေချာပါတယ် ဂျီမင်တို့ လမ်းနားက CCTV ကိုစစ်ကြည့်ထားတာပါ..ယွန်ဂီ ပြလိုက်လေ.."

နမ်ဂျွန်းကပြောတော့ ယွန်ဂီက လက်တော့ပ်စ်ကို ယူပြီး တစ်ခုခုကို ရှာလိုက်သည်။ပြီးမှ သူတို့ဖက်ကို လက်တော့ပ်စ် screen လှည့်ပြ၏။

" အဲ့မှာကြည့်..သခင်ကြီးက ဂျောင်ဂုကို ပွေ့ပြီး ကားထဲထည့်ပြီးခေါ်သွားတာ..ပြီးတော့..အဟမ်း! ".

ယွန်ဂီက မပြောသေးဘဲ နမ်ဂျွန်းတို့ကို ကြည်လိုက်ဝောာ့ နှစ်ယောက်သားက ခေါင်းငြိမ့်ပြသဖြင့် သူလည်း ပြောဖို့ပြင်လိုက်သည်။

" ပြီးတော့ သခင်ကြီးနဲ့ ဂျောင်ဂုက ငါးရက်လုံး သခင်ကြီးရဲ့ ကွန်ဒို တစ်ခုမှာရှိနေတာ..ဒီမှာ..သခင်ကြီး ကားရဲ့ တည်နေရာ..အဲ့နေရာက သခင်ကြီးရဲ့ လျှို့ဝှက် ကွန်ဒိုရှိတဲ့နေရာဘဲ.."

လပ်တော့ပ်စ်ကနေ သခင်ကြီးကားရှိတဲ့နေရာလေးမှာ မီးနီလေးပြနေတာကိုရှာပြီး ပြလိုက်တော့ အိုမီဂါ သုံးယောက်က ဘာကို အတွေးပေါက်သွားသည်မသိ....ငြိမ်နေကြသည်။

ငြိမ်နေရာမှ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ငိုမဲ့မဲ့ဖြစ်လာကြ၏။

" ဟင့်! ဆော့ဂျင်! ဂွန်းဟူ..!!"

" ဟင့်..! ဂျီမင်..."

" မင်းတို့လည်း ငါတွေးသလို တွေးမိကြတယ်မလား "

ဂျီမင်က မေးတော့ နှစ်ယောက်လုံး မျက်ရည်ဝဲဝဲလေးတွေနဲ့ ခေါင်းငြိမ့်ပြလာကြသည်။ယွန်ဂီတို့ကတော့ တကယ် တကယ်ဘဲ အမှန်ကို သိသွားပြီလို့ တွေးလိုက်ပေမဲ့..အိုမီဂါလေးတွေက အတွေးချော်သွားကြသည်။

A Lover of Mafia ( Complete )Where stories live. Discover now