Part -5

2.7K 153 169
                                    

# Unicode #

" ပြွတ်စ်! "

မထင်မှတ်ထားတဲ့ အရာကို ပြုလုပ်လိုက်တဲ့ သခင်ကြီးကြောင့် ဂျောင်ဂု နေရာမှ ငုတ်တုတ်မေ့နေမိ၏။

" ဘယ်ဆိုးလို့လဲ အယ်လ်ဖာရဲ့ နှုတ်ခမ်းကလည်းချိုပြီး ဆွဲဆောင်မှုရှိသားဘဲ.."

"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



ထယ်ယောင်းက ဂျောင်ဂုရဲ့ နှုတ်ခမ်းလေးကို လက်မလေးဖြင့် ဖွဖွပွတ်ဆွဲပြီးပြောလိုက်တော့မှ အသိဝင်ပြီး လက်တွေကို ပုတ်ချလိုက်၏။

" ဘတ်! "

စူးစူးရဲရဲ ပြန်စိုက်ကြည့်နေတဲ့ မျက်ဝန်းနက်တွေကြောင့် ထယ်ယောင်းရယ်သွေးမိသည်။သူ့ကို ဒီလိုကြည့်တဲ့သူသာ တစ်ခြားသူဆို သေနေလောက်ပြီ...

" ဟက်! "

" ခင်ဗျားနော်...ခင်ဗျား...လူကို ဘာထင်နေလဲဟမ်! တောက်စ်! "

ဂျောင်ဂုက အနမ်းခံရတဲ့ နှုတ်ခမ်းကိုလက်ဖြင့်ဖိပွတ်လိုက်တော့ နှုတ်ခမ်းက ပိုပြီး ရဲသွေးကြွလာသည်။

" ဘာဖြစ်လို့လဲ baby ရဲ့ အယ်လ်ဖာ အချင်းချင်းဘဲဟာ.."

A Lover of Mafia ( Complete )Where stories live. Discover now