Part -32

1.9K 124 46
                                    

# Unicode #

" ခေါင်းဆောင် အစီရင်က ဘယ်ချိန်စမှာလဲ! ဧကရီ ပျောက်နေတာ..မစ္စတာ ကင်မ်သိရင် ငြိမ်နေမှာ မဟုတ်ဘူး! "

ဂျိတ်ခ် စကားကြောင့် ကုတင်ပေါ်မှာ အေးချမ်းစွာ အိပ်စက်နေတဲ့ ဧကရီ့ကို ကြည့်ပြီး..ပြုံးလိုက်မိ၏။

ဧကရီက ယောကျာ်းလေး အဖြစ်မွေးဖွားလာတာတောင် လှနေတုန်းပင်..

" သိတယ်! ဒါပေမဲ့ သူတို့ လိုက်လာနိုင်လည်း..ဧကရီက အသက်ရှိတော့မှာမဟုတ်ဘူး..ပြီးတော့ အစီရင်က..ညကိုးနာရီ စမှာ..အဲ့အချိန်က နှစ်ပေါင်း ငါးရာမှ တစ်ကြိမ်..သွေးနီလထွက်တာမို့ အစွမ်းကြီးဆုံးဘဲ.."

ရိုင်လီ့ စကားကြောင့် ဂျိတ်ခ် မျက်လုံးပြူးသွားရသည်။

" သွေးနီလ! ဟုတ်လား ခေါင်းဆောင်!! "

" ဟုတ်တယ် ဂျိတ်ခ်! သွေးနီက နှစ်ပေါင်းငါးရာ ကြာမှ တစ်ကြိမ်သာထွက်ပြီး..ထွက်တဲ့ အချိန်ကလည်း..ဆယ့်ငါးမိနစ်ဘဲကြာတယ်..ဘာကြောင့်လဲဆို..အဲ့ဆယ့်ငါးမိနစ်မှာဝောာင် ကမ္ဘာ‌ပေါ်မကောင်းဆိုးဝါးတွေ အကုန် နိုးထနိုင်ပြီး အရာအားလုံးကို ဖျက်ဆီးနိုင်တာမို့ အကုန်လုံး ကြောက်ကြတဲ့ အချိန်ဘဲ..."

ရိုင်လီက သူ့ရဲ့ ဓားမြှောင်ကို ပိုးပုဝါဖြင့် သေချာပြောင်နေအောင်သုတ်ကာ..တစ်ခုချင်းစီ ပြန်ပြောပြနေပုံက ကြောက်စရာအတိ။

" မှောက်ကျောက်ကို ထုတ်ယူဖို့ဆိုတာ..မလွယ်ကူဘူး .ဂျိတ်ခ်! ဧကရီရဲ့ ဆုတောင်းက မှော်ကျောက်က နှလုံးအိမ်မှာ ရှိစေဖို့ ဖြစ်တာကြောင့်..မှော်ကျောက်ရဲ့ အစောင့်အရှောက်တွေက ဧကရီရဲ့ လုံခြုံရေးနဲ့ မှော်ကျောက် လုံခြုံရေးအတွက် အစီအမံတွေ ချမှတ်ထားတာ.."

" ဘယ်လို အစီအမံလည်း ခေါင်းဆောင်.."

" အဲ့တာက..‌အချိန်က လနီထွက်တဲ့ အချိန်ဖြစ်ရပြီး နှလုံးခွဲမဲ့ ဓားက ဇီဝိန် ဓားဖြစ်နေမယ်..ဇီဝိန် ဓားဆိုတာက ယူဖို့ခက်ခဲတယ်..ဒါပေမဲ့ ငါကတော့ ရအောင်ယူနိုင်ခဲ့တယ်လေ! "

လက်ထဲက ဓားကို လှည့်ပတ်ကြည့်ပြီး ပြောလာတဲ့ ရိုင်လီကြောင့် ဇီဝိန်ဓားက အဲ့ဒါမှန်း ဂျိတ်ခ် သိလိုက်၏။

A Lover of Mafia ( Complete )Where stories live. Discover now