Part -31

1.9K 123 28
                                    

# Unicode #

" ဆရာက ဘာလို့ ငါ့ကို ခေါ်တာပါလိမ့်..ကျောင်းမတက်တာကြာသွားလို့လား.."

ဂျောင်ဂု အခန်းထဲမှာ တစ်ယောက်တည်း ‌အတွေးတွေ ယောက်ယပ်ခတ်နေ၏။

ဒီမနက် သူ့ရဲ့ အတန်းပိုင်က မက်ဆေ့ခ်ျပို့ပြီး အရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး ချိန်းလာတာမို့ အံ့ဩမိသလို ဆော့ဂျင်တို့ကိုပါ အသိမပေးခိုင်းတာကြောင့်လည်း သံသယဝင်မိသည်။

" ငါသွားရမလား! သခင်ကြီးတို့ကို ပြောပြီးမှ သွားသင့်သလား.."

" ဘာဘဲ ဖြစ်ဖြစ် ပြောပြီးသွားတာက ကောင်းပါတယ်.."

သူ့ဘာသာ ဆုံးဖြဝာ်ချက်ချပြီး အဝတ်စားလဲကာ..အောက်ထပ်ဆင်းလာလိုက်၏။

" ဟင်..သခင်ကြီးရော! "

အောက်ထပ်ရောက်တော့ ဘယ်သူ့မှ မတွေ့သဖြင့် သူမေးလိုက်သည်။

" အဒေါ်ကြီး..သခင်ကြီးရော! "

" သခင်ကြီးနဲ့ သခင်လေးတို့က အလုပ်က ဖုန်းလာလို့ အရေးတကြီးထွက်သွားကြတယ်...သခင်လေး သူငယ်ချင်းတွေက သခင်လေး ဂျီမင် မိဘတွေ အက်ဆီးဒန့် ဖြစ်လို့ ဆေးရုံ သွားကြတယ် သခင်လေးက အခန်းထဲက မထွက်တာနဲ့ နေမကောင်းဘူး ထင်ပြီး မခေါ်ကြတာ.."

အိမ်တော်ထိန်းကြီး စကားကြောင့် ဂျောင်ဂု သက်ပြင်းချလိုက်သည်။

" အဲ့ဆို ကျွန်တော် အပြင်ခဏသွားအုံးမယ် ..သခင်ကြီးပြန်လာရင် ပြောပေးထားပေးပါ.."

" ဟုတ်ကဲ့ သခင်လေး.. bodyguards တွေပါ ထည့်ပေးလိုက်ပါ့မယ်.."

ဂျောင်ဂုလည်း နမ်ဂျွန်းက အခုရက်ပိုင်း အနေထိုင်ဆင်ခြင်ဖို့ ပြောထားတာမို့ သဘောတူလိုက်သည်။အပြင်သွားတာ bodyguards တွေသာ မပါကြည့်ပါလား ပြန်လာရင် သူအပြစ်ပေးခံရမှာ..

အိမ်တော်ထိန်းက ကားအပြင် bodyguards ငါးယောက်လောက် ထည့်ပေးတာမို့ အဆင်ပြေ၏။

စံအိမ်ထဲကနေ ဒရိုင်ဘာက ထွက်ခွာလိုက်တာနဲ့သူလည်း ဆရာ့ရဲ့ တိုက်ခန်းကိုသာ မောင်းခိုင်းလိုက်သည်။

~

~

~

တိုက်ခန်းရှေ့ရောက်တော့ bodyguards တွေကို အောက်မှာ နေစေပြီးသူတစ်ယောက်တည်းသာ တက်သွားလိုက်၏။

A Lover of Mafia ( Complete )Wo Geschichten leben. Entdecke jetzt