Extra

811 59 6
                                    

// Happy 2nd Anniversary //

အချိန်တွေဟာ တစ်ဖြေးဖြေးနဲ့ကုန်ဆုံးလာခဲ့တယ်..။
ငါနဲ့မောင် ဖူးခတ်မှာနေလာတာ ၂နှစ်ကျော်ခဲ့ပြီ..။အရာအားလုံးဟာ ပြောစရာအလွန်ကောင်းခဲ့ပါတယ်..။
မောင်သည် ကျောင်းကို ဖူးခတ်မှာသာ ဆက်ပြီး
သင်ကြားခဲ့တယ်..။

အမေတို့ ခနခနဖုန်းဆက်ပြီး ပြန်ခေါ်ရှာတယ်..။
မောင်နဲ့သဘောတူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့..။
ဒါပေမဲ့ ငါမပြန်ချင်ပါ ဒီမြို့လေးမှာပဲ ငါနေချင်တယ်..။
အေးချမ်းတယ်လို့ ခံစားရတယ်..။

" ‌မောင်ပြန်လာပြီအစ်ကို.."

မောင်သည် ကုန်တိုက်တစ်ခုမှာ အလုပ်ဝင်လုပ်နေသည်..။
ငါပဲလုပ်ပါမယ်ဆိုသည်ကို ပြောလို့မရပါ..။သူက
အိမ်ထောင်ဦးစီးမို့ သူပဲ လုပ်ပါမယ်တဲ့..။
အင်း..ငါမောင်နဲ့တရားဝန်လက်ထပ်ခဲ့တယ်
ငါတို့ ဖူးခတ်ကိုရောက်ပြီး မကြာခင်မှာပဲ ရိုးရိုးရှင်းရှင်းလေးပဲ လက်ထပ်စာချုပ်မှာသာ ငါနဲ့မောင့်ရဲ့
လက်မှတ်တွေကို ရေးထိုးခဲ့ကြတယ်...။ ပြီးတော့
ဒီနေ့ဟာ မောင်နဲ့ငါလက်ထက်တာ ၂နှစ်ပြည့်သည့်
နေ့ပင်..။

" အွန်းရေသွားချိုးလိုက်ဦးမောင်.."

" လာလေ တူတူချိုးမယ်..။

" ဟာ..မချိုးချင်ပါဘူး.."

မောင်သည် ရုတ်တရက်ပင် ငါ့အားအနောက်ကနေ
သိုင်းဖတ်လာသည်..။ ငါအရမ်းသဘောကျသည်..
ဒီလိုအနေအထားမျိုးကို..။

" Happy 2nd Anniversary ပါမောင့်သက်ငယ်.."

မောင့်သက်ငယ်ဆိုတဲ့ မောင်ပေးတဲ့နာမည်လေးကို
ချစ်သူရည်းစားဘဝထဲက ငါအရမ်းသဘောကျရပါတယ်
အခုအချိန်ထိပဲ..။ ရိုးသွားတယ် ငြီးငွေ့သွားတယ်ရယ်လို့
မရှိဘူး..။

" Happy 2nd anniversary ပါမောင်
နောင်လည်း ငါနဲ့အတူတူရှိပေး..ငါနဲ့ပဲ..။

" မောင့်ဘဝမှာ မောင့်သက်ငယ်တစ်ယောက်ထဲကိုပဲ
ချစ်ခဲ့တာပါ..ဟိုကလေးဘဝထဲက မောင့်သက်ငယ်က
မောင့်ရဲ့ အဖိုးတန်လေး ဒီလိုအဖိုးတန်လေးနဲ့ပဲ
မောင့်ဘဝကို ကုန်ဆုံးသွားမှာ.."

" ချစ်တယ်မောင်.."

" ချစ်တယ် မောင့်သက်ငယ်.."

You've reached the end of published parts.

⏰ Last updated: Oct 29, 2023 ⏰

Add this story to your Library to get notified about new parts!

ERROR { COMPLETED }Where stories live. Discover now