Part-16

878 50 13
                                    

( Uni )

/ မောင့်ဟာငါ့ကိုလျစ်လျူရှုခြင်း /

2023

ငါ့တို့ ချစ်သူသက်တမ်းဟာ ၄နှစ်ပြည့်ခဲ့ပြီ။
အရင်လအတွင်းမောင်ဟာ အရင်လို မဟုတ်ပင်
ငါ့ကို ဂရုစိုက်မှုတွေ သိသိသာသာ လျော့နည်းလာခဲ့
သည်။ အရင်လို ငါ့အိမ်လဲ သိပ်မလာတော့ဘူး
ငါကြောက်တယ် မောင်ငါ့ကိုစွန့်ပစ်သွားမှာကို

ဒီနေ့ဟာ ငါဘွဲ့ယူတဲ့နေ့လို့ပြောရရင်လဲ မမှားဘူး
ငါဘွဲ့ယူတဲ့ အချိန်မှာတော့ မောင်ဟာ ငါနဲ့တူတူရှိနေ
ပေးခဲ့ပါတယ် အခုမောင့်ဟာ ငါရဲ့ဝတ်ဆုံကို
အဆင်ပြေမပြေကြည့်နေသည်။ ငါအရမ်းစိတ်လှုပ်ရှား
နေသည်။

" ငါကြည့်ကောင်းရဲ့လားမောင်.."

" မောင့်သက်ငယ်က နဂိုတိုင်းလဲ ကြည့်ကောင်းနေဆဲပါ.."

အပြုအမူတွေဟာ အနည်းငယ်မျှ ပြောင်းသွားပေမယ့်
အခေါ်အဝေါ်ကတော့ ပြောင်းလဲသွားချင်းမရှိပါ။
မောင်သည် နဂိုတိုင်းပင် ငါ့ကို နူးနူးညံ့ညံ့ခေါ်နေတုန်း

" ငါအဆင်ပြေပါ့မလားမောင် ငါအရမ်းစိတ်လှုပ်ရှား
နေတယ်.."

မောင်ဟာ ငါ့ဆံပင်လေးတွေကို ပွတ်သတ်ပြီး
အဆင်ပြေကြောင်းပြောသည်။
ငါတို့အားလုံးပြင်ဆင်ပြီးနောက်မှာတော့
Chula သို့ ဘွဲ့ယူရန် ထွက်ခဲ့ကြသည်။
ငါအရမ်းစိတ်လှုပ်ရှားနေခဲ့သည် ကားပေါ်မှာ
လမ်းတစ်လျှောက်လုံး မောင်ဟာ ငါ့လက်ကို
ဆုပ်ကိုင်ပေးလာတာကြောင့် အနည်းငယ်တော့
လျော့သွားခဲ့သည်။

"ဘာမှစိတ်မလှုပ်ရှားနဲ့ မောင့်သက်ငယ်
ပုံမှန်တိုင်းလေး‌ပဲနေ ဟုတ်ပြီလား.."

မောင်သည်ငါ့အား စင်ပေါ်ဘွဲ့တက်မယူခင်
အားပေးစကားပြောလေသည်။မောင်ဟာ
ထိုအခါမှာတော့ အရင်တိုင်းပင်

" Congratulationsအစ်ကိုFourth .."

မောင့်နောက်ကနေ ထွက်ပေါ်လာတဲ့ Nonရဲ့အသံ
Nonဟာ ငါ့ကိုပန်းစီးပေးပြီး ဂုဏ်ပြုလေသည်။
Nonနဲ့ငါဟာ ထင်သလောက်ကြီးမရင်းနှီးပင်
မောင်ရှိတဲ့နေရာတိုင်းမှာ nonပါရှိနေတက်သည်။
မောင်နဲ့ Nonရဲ့သတင်းကလဲ အင်တာနက်မှာ
အတော်ပင် နာမည်ကြီးနေသည်။ မောင်သည်
များသောအားဖြင့် အပြင်ထွက်ရင် Nonနဲ့ထွက်သည်က
တစ်နှစ်အတွင်းမှာ ပိုလို့တောင် များလာသည်။
ငါမောင့်ကို ပြောပြဖူးပါတယ် မောင်သည်
ဂရုမစိုက်ခဲ့ပါ

ERROR { COMPLETED }Donde viven las historias. Descúbrelo ahora