Part-8

539 39 13
                                    

( Uni )

/ အစ်ကိုက ချစ်တယ်တဲ့/

ဒီနေ့က စာမေးပွဲဖြေရတဲ့နေ့ဖြစ်တယ်

" စာမေးပွဲဖြေမဲ့ ကျောင်းသူကျောင်းသားအားလုံး
ကိုယ်ဖြေရမဲ့ အခန်းထဲဝင်ပြီး ကိုယ့်ခုံနံပါတ်ရှိတဲ့
ထိုင်ခုံမှာ နေရာယူကြပါ "

Speakerကနေ တစ်ဆင့်လာတဲ့ ဆရာ့အသံကြောင့်
ငါဖြေရမယ့် အခန်းထဲဝင်ပြီး ထိုင်ရမဲ့ခုံမှာ ထိုင်လိုက်
တယ် အစ်ကိုက အစအဆုံးစာပြပေးထားတာကြောင့်
ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ စာမေးပွဲကို စဖြေခဲ့တယ်

ငါစာမေးပွဲခန်းထဲမှာ တစ်နှာရီလောက် ထိုင်ပြီး
ကြိုစားဖြေခဲ့တယ် အစ်ကိုပြပေးတဲ့ အပုဒ်တွေ
ပါသလို မပါတဲ့ အပုဒ်တွေလဲရှိတယ် အဲ့တာတွေတော့
ငါအတက်နိုင်ဆုံးကြိုးစားပြီးဖြေခဲ့တာပဲ
ရလဒ်ထွက်လာမှပဲကြည့်ရမယ် အခုတော့
အခြေ‌အနေက အလယ်အလတ်မှာပဲ

ငါ စာမေးပွဲ အခန်းထဲကထွက်လာတော့ အပြင်မှာ
ဟိုနှစ်ကောင်က စောင့်နေသည်။

" သားကြီး ဟုတ်လှကြီလား ဖြေတာ အကြာကြီးပဲနော်
ပြောပါအုံး ဘာလို့ဒီလောက်ကြိုးစားနေရတာလဲ.."

Winnyရဲ့စပ်စုသောစကားကြောင့် markသည်
Winny ခေါင်းကို တစ်ချက်ရိုက်လိုက်သည်

" -ိ့မို့ရိုက်တာလား.."

ဘလိုင်းကြီးအရိုက်ခံလိုက်ရတော့ winnyဆီက
မကျေနပ်ချက်နှင့်အတူ ဆဲသံပါထွက်လာသည်။

" အဲ့တာကြောင့် မင်ကိုပုဇွန်ဦးနှောက်နဲ့ကောင်လို့
ပြောတာ သူ့အစ်ကိုက စာမေးပွဲအောင်မှ
အဖြေပြန်ပေးမှာလေ.."

" အော်ဟုတ်သားပဲ ဟီးဟီး.."

အခုမှ သတိရသွားပြီး စပ်ဖြဲဖြဲလုပ်ပြလာတဲ့
Winny

" နားညီးလိုက်တာ မင်းတို့တွေ.."

ထိုစဉ်gemဆီ ဖုန်းကောလ်တစ်ခုဝင်လာခဲ့တယ်

ငါ့ရဲ့ဖုန်းသံကြောင့် အိတ်ထဲက ဖုန်းကို ထုတ်ကြည့်
လိုက်တော့ အစ်ကိုဆက်တာပင်

" တိုးတိုးနေမင်းတို့.."

ဟိုကောင်တွေကို တိုးတိုးနေဖို့ပြောပြီး
အစ်ကို့ဖုန်းကို ငါ‌ကိုင်လိုက်သည်။

ERROR { COMPLETED }Where stories live. Discover now