Part-5

816 53 14
                                    

( Uni )

/ မင်းဖွင့်ပြောခဲ့တယ် /

10/9/2019

ငှက်လေးတွေရဲ့ တေးသံချို‌တွေ သစ်ရွက်များတိုက်ခတ်သော အသံတွေ မုန်တိုင်းထန်မနေဘဲ နေမင်းကြီးဟာ
တောက်ပနေခဲ့တယ် ထိုလို သာယာတဲ့ နေ့လေးမှာ
Fourth ဟာနိုးထလာခဲ့တယ်

" ဟင်.."
ဟုရေရွတ်မိတယ် ဘာလို့လဲဆိုတော့ ငါ့ဘေးနားမှာ ငယ်လေးပင် ငါ့မနေ့က ဘယ်လိုအိပ်ပျော်သွားတာလဲ
သိပြီ ငယ်လေးစာတွက်တာစောင့်ရင် အိပ်ပျော်သွားတာပဲ
အိပ်မောကျနေတဲ့ ငယ်လေးကို အိပ်ရေးပျက်မှာဆိုးတဲ့
အတွက်ပဲ မနိုးပဲ တစ်ကိုယ်ရေသန့်ရှင်းရေး ထလုပ်ရသည်။

ငါ့ရေမိုးချိုးတော့ငယ်လေးက နိုးနေပြီပင်

" နိုးနေပြီလား ငယ်.. အာGem "

" အင်း အစ်ကိုဘယ်ချိန်ထဲက ထသွားတာလဲ
ကျွန်တော့်ကို ဘာလို့မနိုးတာလဲ "

" မင်း အိပ်မောကျနေတာလေ အိပ်ရေးပျက်မှာဆိုးလို့ "

" အော်..ကျွန်တော် ဒီမှာပဲ ရေချိုးပြီး မနက်စာ
စားသွားလိုက်မယ်နော် အန်တီ့လက်ရာစားချင်လို့ "

" သဘောပဲ "

Gemဟာ ရေချိုးသန့်စင်ပြီး fourth နဲ့အတူ
အောက်ဆင်းလာခဲ့တယ်

" လာ သားတို့ gemလေးရောက်နေတာမို့လို့
မာမီ အစုံပြင်ပေးထားတယ် "

စားပွဲပေါ်မှာ ခင်းကျင်းထားသည်ဟာ အစုံအလင်‌ပင်
မနက်စာရောဟုတ်ရဲ့လား နေ့လည်စာများဟု
Fourth တွေးမိသည်

" အိုးမာမီ ကျွန်တော်တစ်ယောက်ထဲရှိတုန်းကကကြတော့
ဒီလိုမပြင်ပေးဘူး "

" ဒါတော့ ဘယ်တူမလဲ များများစားနော် Gemလေး "

" ဟုတ်ကဲ့ "

ငါမကျေနပ်ပါ မာမီဟာ ငါ့ကိုပလစ်ပြီး gemကိုပဲ
တစ်ခုပြီးတစ်ခုထည့်ပေးနေသည်။

" သားအရင်းက ဒီမှာနော်မာမီ "

" မင်းကအကြီး gemက အငယ်လေ အငယ်ကို
ပိုဂရုစိုက်ရမှာပေါ့ "

" ဟုတ်ကဲ့ပါမာမီ ပြောမိတာသားအပြစ်
ဒါနဲ့ဒယ်ဒီရော "

" မင်းဒယ်ဒီအစောကြီးထဲက ထွက်သွားတယ်လေ "

ERROR { COMPLETED }Where stories live. Discover now