Part-11

503 34 3
                                    

( Uni )

/ Her handle is NON /

" ဘာလို့လဲမာမီ ဘာတွေများမှားသွားလို့လဲ.."

"မာမီလဲ အဲ့လိုမလုပ်ချင်ပါဘူ ဒါပေမယ့် သားအဖေရဲ့
မိတ်ဆွေက သူ့သမီးကို သားနဲ့လက်ထပ်စေချင်တယိ
သူ့သမီးနဲ့လက်ထက်ရင် company ရှယ်ယာ
တစ်ဝက်တိတိခွဲပေးမှာမလို့ သားအဖေက
လက်ခံလိုက်တယ်သား.."

မာမီစကားတွေကြောင့် ငါပြိုလဲသွားရသည်။
အခုကရှယ်ယာလိုချင်လို့ ငါ့ကိုထိုးထည့်တဲ့သဘောပင်

" ကောင်မလေးက ‌ငယ်သေးတာမို့ နောက်နှစ်လောက်ကျရင် သားနဲ့လက်ထက်ပေးချင်တယ်တဲ့.."

ငါမျက်ရည်တွေဝဲတက်လာသည်။ မာမီပြောတာလဲ
ကြားတစ်ချက် မကြားတစ်ချက်ပင်

" ကျွန်တော်တစ်‌ယောက်ထဲနေချင်တယ်မာမီ..."

" မာမီနားလည်တယ်သား ဒီတစ်နှစ်အတွင်းမှာ
ဘယ်လိုလုပ်မလဲ ဆုံးဖြတ်ပါ.."

မာမီသည် ပြောစရာပြီး၍အခန်းထဲက ထွက်သွားသည်
ကျန်ခဲ့တဲ့ ငါကတော့ မိုးပြိုတော့မယ်သယောင်ပင်
ငါဘာဆက်လုပ်ရမလဲ မောင့်ကိုပြောပြရမလား
ပြောပြလို့ရောဖြစ်ပါ့မလား

ငါဘာမှမစဉ်းစားနေပဲ မောင့်ဆီဖုန်းခေါ်လိုက်သည်။
ဒါပေမယ့် ဖုန်းမဝင်သွားခင်မှာပဲ ငါဖုန်းချလိုက်သည်
ငါမပြောရဲပါ ငါဘယ်လိုပြောရမလဲမသိဘူး

Fourth သည်အခန်းအပြင်သို့
မထွက်ပဲ အခန်းထဲမှာပဲ နေလျက်ပင် နေ့လည်စာလဲ
ထွက်မစားခဲ့ပါ

_____________________________________________

ငါထိုအရာကြီးက ခေါင်းထဲကထုတ်‌ထားလိုက်ပြီ
အရေးမပါဘူးမလား ငါစာလုပ်နေတုန်းမှာ
မောင့်ဖုန်းဝင်လာခဲ့တယ်

" အစ်ကို ကျွန်တော်အတန်းပြီးသွားပြီ..
အစ်ကိုနေ့လည်စာစားပြီးပြီလား.."

ဖုန်းထဲကနေကြားရတဲ့ မောင့်အသံဟာ စိတ်ပင်ပန်းတာတွေကို စုပ်ယူပစ်သလို ပျောက်ပသွားစေသည်။

" ငါမစားရသေးဘူးမောင်.."

" ၁နာရီတောင်ထိုးနေပြီ ဘာမှမစားရသေးဘူးလား
အစ်ကိုတော်ကြာအစာအိမ်ထိရင် ဘယ်လိုလုပ်မလဲ.."

ERROR { COMPLETED }Where stories live. Discover now