ပတ်၀န်းကျင်တစ်ခုလုံးတိတ်ဆိတ်လျက်ရှိရာ
တစ်ချက် တစ်ချက် လေတိုးမှသာ
ဝါးရွက်တို့ အချင်းချင်း
ပွတ်တိုက်သံကြားရ၏

ဂျောင်ဂုလည်း ထိုင်မနေချင်တာကြောင့်
ဖုန်းထဲက သတင်းလေးဘာလေးကြည့်ရင်း
အခန်းရှေ့ စင်္ကြန် တစ်လျှောက်
ခေါက်တုံ့ခေါက်ပြန်
လျှောက်‌နေလိုက်သည်။

တီ တီ... တီ တီ...

မှောင်မည်းတိတ်ဆိတ်နေတဲ့ထဲမှ
တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာကတော့
နှိုးစက်သံလိုလို အရာ.......

ပီပီသသကြီးကိုကြားနေရတာမို့
အနည်းဆုံးတော့ သူတစ်ယောက်တည်း
နိုးနေမှာမဟုတ်ဘူးလို့သာ တွေးမိလိုက်သည်..၊

ဒါနဲ့ဘယ်သူကများ လေးနာရီ‌လောက်ကြီးကို
alarm ပေးထားပါလိမ့်

တီ တီ... တီ တီ...

ထိုအသံမှာ ဆက်တိုက်ဆိုသလိုမြည်နေပြီး
ဘယ်သူမှလဲ ထ,မပိတ်ကြသလို
ဂျောင်ဂုမှလွဲပြီး ဘယ်သူမှလဲ နိုး,မလာကြ.....

အစ,ကတော့ alarmပိုင်ရှင်
တစ်ယောက်ယောက်ပိတ်မည်အထင်နှင့်
ဖုန်းပဲ ဆက်ကြည့်နေပေမယ့်

တီ တီ... တီ တီ... တီ တီ... တီ တီ...

အချိန်အတော်ကြာသည်အထိ
မြည်နေသေးတာမို့
ဖုန်းမီးကိုသာလျှင် အားပြုလျက်
အခန်းမှောင်ထဲပြန်၀င်ကာ
အသံလာရာကို လိုက်ရှာလိုက်တော့

ထယ့်ဖုန်းဆီက......?၊

ထူးထူးဆန်းဆန်း အစောကြီး
alarm‌တွေဘာတွေ ပေးထားတာလား
ထယ် ကတော့လေ.....

သို့နှင့် ဂျောင်ဂုတစ်ယောက်
အသံပိတ်ဖို့ ထယ့်ဖုန်းscreenကို
ဖိဆွဲလိုက်သည်၊

တီ တီ... တီ တီ...

"ဟမ်? မြည်နေတုန်းပဲ!"

အထပ်ထပ်အခါခါ ဖိဆွဲနေသော်လည်း
အသံရပ်မသွားသည့်အပြင်
ပိုတောင် ကျယ်လာသလို.....

"ထယ်! ရော့ မင်းဟာကြီး ပိတ်အုံးကွာ
နားငြီးလိုက်တာမှ"

တံခါးပေါက်ကိုကျောပေးထားတာမို့
ရုတ်တရက် လေအေးအေးက
ဖြတ်တိုက်သွားတော့
ကြက်သီးတွေ ဖြန်းခနဲ!

💭နေ့ညအိပ်မက်ငယ်Where stories live. Discover now