ဓမ္မာရုံပေါ်၌ ဆရာတော်ဘုရားက ထိပ်ဆုံးတွင်ထိုင်ကာ တိုင်၍ ဘုရားရှိခိုးရန်ဆော်ဩသည်။

ဆရာတော့နောက်၌ ဦးဇင်းများစီတန်းထိုင်ကာ ‌ဦးဇင်းအပါးနှစ်‌ဆယ်ကျော်နောက်၌ ကိုရင်ကြီး ရှစ်ပါး ထို့နောက် ကိုရင်လေးအပါးသုံးဆယ် စီတန်းထိုင်ကာ နောက်ဆုံး၌ ထူးသာနှင့် ကပ္ပိယကြီး ဦး‌ေသာင်းတို့ထိုင်သည်။

ထူးသာက ကျောင်းပြန်ရင် ညဘက်ကိုရင်တွေနှင့်အတူ ပါဋိစာတွေသင်ရတာမို့ ဘုရားစာတွေအလွတ်ကျက်ထားရသည်။

ဓမ္မာရုံဘက် မှ ပရိတ်ကြီးဆယ့်တစ်သုတ် ရွတ်သံ ပဌာန်းပါဠိတော် အကျယ်ရွတ်ဖတ်သံ သက်တ္တဝါအားလုံးကိုမေတ္တာပို့အမျှဝေသံတို့က ထိုရပ်ကွက်လေးထဲ သံပြိုင်ညီ၍ ထွက်ပေါ်လာသည်။

.....

မေသင်းကြိုင်သည် ဦးနှောက်ခန္တာကိုယ် လှုပ်ရှားမှုနှေးကွေးသူဖြစ်၍ ကျောင်းတက်ရာမှ အတန်းဖော်များနှင့် စာသင်ရာ၌လိုက်မမှီခဲ့ပါ။

သူများက ကဗျာတစ်ပုဒ်ကို ဆရာမတိုင်ပေးလိုက်ရင် ချက်ချင်းစာလုံးပေါင်းဆိုပြနိုင်သော်လည်း မိကြိုင်မှာတော့ ကဗျာတစ်ကြောင်းကိုပဲ အချိန်ယူဖတိရသည့် ကလေးဖြစ်သည်။

ထို့ကြောင့် ဆရာမတောိတော်များများက စိတ်မရှည်ကာ မေသင်းကြိုင် တစ်ယောက်ကြောင့် သင်ခန်းစာတွေရှေ့မတက်နိုင်တော့ သူတို့သတ်မှတ်ထားသည့် တစ်လစာသင်ရိုးက ရှေ့မ‌ရောက်လာတဲ့အခါ တခြားကျောင်းသားမိဘတွေကလည်း ဆူပူလာကာ ကျောင်းအုပ်ကြီးဆီမှ ဆရာ ဆရာမတို့အဆူခံရတက်သည်။

"အစ်မ ကလေးကို ကျွန်မတို့လည်း ပညာတက်စေချင်ပါတယ် ဒါပေမယ့်အများနဲ့တစ်ယောက်ဆိုတော့ မေသင်းလေးကို ဦးစားပေးနေလို့မရဘူးလေ ကျွန်မတို့ ကလေးကိုဆက်မသင်ပေးနိုင်တာအားနာပါတယ်"

ကျောင်းအုပ်ကြီးမှ တိုင်တောတာတွေများလာခ‌ျိန် ဒေါ်သင်းသင်းကိုခေါ်၍ ပြောလာသည်။

"ဟုတ်ကဲ့ ကျွန်မနားလည်ပါတယ် ဒါပေမယ့်လေ ကျောင်းတော့ မထုတ်ပါနဲ့နော် သူအသက်ကြီးလာလို့ စာလိုက်နိုင်လာတဲ့အချိန် သူ့ကိုပညာတက်လေးဖြစ်စေချင်တယ် ကျွန်မ သမီးအတွက် အစွမ်းကုန်ကြိုးစားပေးမှာမို့ သူ့အတွက် ဒါလေးတော့ ကူညီပါနော် ဆရာမကြီး"

ဆံမြိတ်ချ လှပါပေ့.....Où les histoires vivent. Découvrez maintenant