ကျန်းရှုယောင်က အမြန် မလိုပါဘူးဟုပြောလိုက်ပြီး သူမကို သနားကြင်နာစွာဖြင့် ကြည့်သည်။

ထိတ်လန့်နေသော ရှုရှီတစ်ယောက် သူမနောက်တွင် တောင့်တင်းနေပုံရ၏။

"မင်းက ဟန်ဆောင်နေတာပဲ... ဆက်ပြီး ဟန်ဆောင်နေလိုက်" ဟုပြောနေသကဲ့သို့ သူမ၏မျက်လုံးများက ကျိုးရှီမျက်နှာပေါ် မီးရှူးမီးပန်းတစ်ခုလို စိုက်ကြည့်နေသည်။

ကျန်းရှုယောင်၏အာရုံကိုဖမ်းစားခဲ့သော ကျိုးရွှ ၏နှုတ်ခမ်းထောင့်က အောင်ပွဲခံသောအပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူမ၏အကြည့်က ကျန်းရှုယောင်ကို ကျော်ဖြတ်ပြီး ရှုရှီ၏ မျက်နှာပေါ်ကျရောက်နေ၏။  ဟန်ဆောင်နေရုံပဲလေ... နင်ငါ့ကို ဘာလုပ်နိုင်လဲ...

မျက်လုံးနှစ်စုံက လေထဲမှာ စစ်ဖြစ်နေပြီး လုံးဝအခြေအနေအမှန်ကိုမသိသည့် ကျန်းရှုယောင်တစ်ယောက် သူမနောက်မှာ သိသိသာသာ အေးစက်သွားသလို ခံစားရသည်။

ဘဲကင်နံ့က ကြာရှည်ခံ၏။ ရှဲ့ရွှင်း အနံ့ရပြီး ခြံဝင်းထဲကို မျှော်လင့်တကြီး လှမ်းဝင်လာသောအခါ သူ အံ့အားသင့်သွားသည်။

နေရောင်ခြည်က လှပပြီး ခြံဝင်းအတွင်းရှိ ရှုခင်းများကို နွေးထွေးသောအလင်းရောင်ဖြင့် အရောင်ခြယ်ထားသည်။ ကျန်းရှုယောင်က အလယ်တွင် ထိုင်နေပြီး ချစ်စရာကလေးများက သူမဒူးပေါ်မှာလှဲလျောင်းနေကြသည်။ တစ်ဖက်က မိန်းမလှက ကျက်သရေရှိပြီး တခြားတစ်ဖက်ရှိ မိန်းမလှက နူးညံ့သိမ်မွေ့၏။

သူ မျက်တောင်ခတ်ပြီး တံခါးကနေ တိတ်တဆိတ်ထွက်ကာ ခြံဝင်းအမည်ကို လှမ်းကြည့်လိုက်သည်။

သူမှန်ပါသည်။ဤသည်က ဝါးစိမ်းခြံဝင်းဖြစ်၏။

"ဇနီးလှနဲ့ ကိုယ်လုပ်တော်များက ဘေး၌ဝယ်၊ သားသမီးငယ်များက ဒူးထက်မယ်"ဟူသော ပုံစံက အဘယ်နည်း???

သူ ခြံဝင်းထဲသို့ ဝင်သွားကာ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

ရှုရှီနှင့် ကျိုးရှီ၏ မျက်လုံးများက ရန်ဖြစ်ဆဲဖြစ်ပြီး ရုတ်တရက် မထင်မှတ်ထားသော ဧည့်သည် ဝင်လာသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် မျက်စိမှိတ်လိုက်ကြသည်။

ခေတ်ဟောင်းရောက် Foodie တစ်ယောက်၏ ရှင်သန်ခြင်းTahanan ng mga kuwento. Tumuklas ngayon