Chapter 71လက်ခုတ်ခေါက်ဆွဲများ
သခင်မကြီး ညစာအကြောင်း သေသေချာချာမေးမြန်းပြီး မကျေမနပ်ဖြင့်ဆိုသည်။
"ဘဲသားက အဆီများပြီး အားယောင်ရဲ့ ခန္ဓာကိုယ်ကမကောင်းဘူး... မင်းက ဘယ်လိုလုပ်သူ့ကိုဒီလောက် စားခိုင်းရတာလဲ"
ရှုရှီက သူမကိုကာပေးရန်ကြိုးစား၏။
"အားယောင်က ပိုကောင်းနေပါပြီ...သူဒီလို ကောင်းကောင်းစားတာက ရှားပါတယ်...သူပျော်ပျော်ရွှင်ရွှင်စားနေတာ မြင်ပြီး..... "
သခင်မကြီးက သူမကို မကျေမနပ်ဖြင့် ဝင်ဖြတ်ပြောသည်။
"ကောင်းပြီ... မကောင်းတာလုပ်ဖို့ အကြောင်းပြချက်တွေ အများကြီးရှာနေတယ်"
ရှုရှီ ခေါင်းငုံ့ပြီး "ချွေးမမှားမှန်းသိပါတယ်"ဟုပြောရုံကလွဲပြီး ရွေးစရာမရှိတော့ပေ။
"သူက မင်းရဲ့သားပဲ...သူနေမကောင်းတဲ့အခါ မင်းက စိတ်မသက်မသာဖြစ်ရတယ်...ငါ အဘွားကြီးအတွက် အများကြီးပြောတာက သိပ်အသုံးမဝင်ဘူး...ဒါပေမဲ့ မင်း--"
သခင်မကြီး ကျန်းရှုယောင်ကို မျက်လုံးပြူးကြည့်သည်။
"ဒါအတွက် မင်းကို ငါ အပြစ်ပေးမယ်...မင်းသဘောတူလား"
ကျန်းရှုယောင် ယက စကားမပြောသေးခင် ရှဲ့ရွှင်းက သူမကို ခုခံကာကွယ်ရန့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
"အမေ..."
သူ စကားစပြောသည်နှင့် ရှုရှီက သူ့ကို မျက်တောင်ခတ်ပြနေသည်ကို တွေ့လိုက်ရသည်။
မူလက သခင်မကြီးက ပေါ့ပေါ့တန်တန် အပြစ်ပေးရုံသာ ရှိသည်။ မည်သို့ပင်ဖြစ်စေ ကျန်းရှုယောင်မှာ တကယ်ပဲ တာဝန်ရှိပေသည်။ သို့ပေမဲ့ ရှဲ့ရွှင်းက သူမကိုကူညီရန်ပါးစပ်ကိုဖွင့်လိုက်ပါက သခင်မကြီးက ရိုးရှင်းသည့်အပြစ်ဒဏ်ကို ပေးလိမ့်မည်မဟုတ်ပါချေ။
"အပြစ်ဒဏ်ကို လက်ခံပါတယ်"
ကျန်းရှုယောင်က ပြောလိုက်သည်။ ရှဲ့ယောင်ကို စိတ်ပူပြီး အပြစ်ရှိသလို စိတ်တထင့်ထင့်ဖြစ်နေမိသည်။
YOU ARE READING
ခေတ်ဟောင်းရောက် Foodie တစ်ယောက်၏ ရှင်သန်ခြင်း
FanfictionTraslation all credit to Original Author and E Translator uodate -mon.wed and Friday