Chapter 10

1.5K 193 2
                                    


Chapter 10

အူမားမီကီးမား



သူမ စဉ်းစားနေတုန်းမှာ ရှဲ့ရွှင်းက ပုဇွန်တစ်ကောင်ကို ကောက်ယူပြီး ပန်းကန်လုံးထဲ ထည့်ကာ မျက်မှောင်ကြုတ်လိုက်သည်ကို တွေ့လိုက်ရ၏။

ကျန်းရှုယောင်က ပုဇွန်ကို အကြော ဖယ်ထားသော်လည်း ရှဲ့ရွှင်း ငယ်စဉ်ကတည်းက စားခဲ့ရသော ပုစွန်များက အလွန်သန့်ရှင်းစွာပြင်ဆင်ထားပြီသားဖြစ်သည်။ ဦးခေါင်းနှင့် အမြီးပါသော ပုစွန်များကို တွေ့ကြုံရသောအခါတွင် သူ ၎င်းတို့ကို မည်သို့စားရမည်ကို မသိခဲ့ပေ။

ထမင်းစားနေချိန် သူ့ဘေးမှာ မည်သူ ရပ်နေသည်ကိုမှ မကြိုက်ပေမဲ့ ယခု သူ့ကို ပုဇွန် အခွံခွာပေးမည့်လူ မရှိတော့ပေ။

ကျန်းရှုယောင်  ဘာပြန်ပြောရမှန်းကို မသိတော့သဖြင့် ပုဇွန်တစ်ကောင်ကို ကောက်ယူပြီး "ကျွန်မ ဘယ်လိုစားလဲ ကြည့်"ဟု ပြောလိုက်၏။

"ခေါင်းကိုက် ... အမြီးကို ကိုက် ... အရေခွံ့ကကြွပ်နေတော့ ထွက်လာလိမ့်တယ်"

သူမကပြောရင်း သရုပ်ပြခဲ့သည်။

"ကြည့်ကြည့် ကျွတ်သွားပြီ"

ရှဲ့ရွှင်း၏ မျက်ခုံးမွှေးများ အရိုင်းဆန်စွာ ခုန်ပေါက်သွား၏။(မျက်မှောင်ကြုတ်တာကိုရိုးရိုးမပြောဘူး )ဒီအမူအရာက ယဥ်ကျေးမှုမဲ့လွန်းတယ်...

ကျန်းရှုယောင်က သူတွေးနေသည်များကို ဂရုမစိုက်ဘဲ မုန်တိုင်းတိုက်သလို ပြန်ထမင်းစားနေသည်။ အထပ်ထပ်အခါအခါ တုံ့ဆိုင်းနေပြီးနောက် သူမနောက်ကနေ  လိုက်သင်ယူခဲ့သည်။ သူ နိုင်ငံခြားကို ခရီးထွက်တုန်းကပင် ထူးထူးခြားခြား တခါမှ မလုပ်ဖူးသဖြင့် သူ့အမူအရာက တောင့်တင်းပြီး လေးနက်လွန်းနေ၏။

၎င်းကို သိရှိသွားပြီးနောက် ပုဇွန်ကို သူ့သွားနှင့် အခွံခွာရန် ကျန်းရှုယောင်၏ လှုပ်ရှားမှုများကို သင်ယူခဲ့သည်။ ပထမတစ်ခုက အခွံခွာရန် ခက်သည်၊ ဒုတိယတစ်ခုကျ ကျင့်သားမရသေး၊ တတိယတစ်ခုကျ တဖြည်းဖြည်း ချောမွေ့လာတော့၏ ... သူ မည်မျှလောက် အခွံခွာခဲ့မှန်းမသိဘဲ တဖြည်းဖြည်းနှင့် ပန်းကန်ပြားပေါ် မှာ စုပုံလာပြီး တောင်ကုန်းလေးတစ်ခုဖြစ်သွားသည်။

ခေတ်ဟောင်းရောက် Foodie တစ်ယောက်၏ ရှင်သန်ခြင်းTahanan ng mga kuwento. Tumuklas ngayon