Chapter 47

1K 163 3
                                    


Chapter 47

ဝက်သားစတူး



သူက တုံးအသောလူမဟုတ်ပေ။ လင်းရှီ၏ အပြစ်တင်သံကို နားထောင်ခဲ့သော ကျန်းရှုယောင်ထက် လင်းရှီ၏ အတွေးအမြင်များကို လျင်မြန်စွာ သိရှိနားလည်ခဲ့သည်။

ကျန်းရှုယောင် ထိုနေ့သူမအရက်မူးနေချိန်တွင် မည်ကဲ့သို့ ငိုနေသည်ကို တွေးကာ သူ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။သူ သခင်ရှန်းယန်အား ပြောလိုက်၏။

"ယောက္ခထီးက အလုပ်ရှုပ်နေတာဆိုတော့...ပေါယွမ် မဆက်မနှောင့်ယှက်သင့်တော့ဘူး"

၎င်းနောက် သူက ကျန်းရှုယောင်၏ ဆံပင်တွေကို ပွတ်သပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"သွားရအောင်...ယောက္ခမနဲ့ ပြန်တွေ့ကြရအောင်"

"ဘာလို့သွားမှာလဲ"

ကျန်းရှုယောင်က မေးပေမဲ့ ရှဲ့ရွှင်းက သူမကို အဖြေမပေးခဲ့ပါချေ။

လင်းရှီ၏ခြံဝင်းကိုသွားသည့်အခါ လင်းရှီက သူတို့ပြန်လာသည်ကိုမြင်ပြီး အတော်လေး  စိတ်ရှုပ်ထွေးသွားသည်။ သူမက ကျန်းရှုယောင်ကိုကြည့်ကာ ရှင်းပြနိုင်မည်ဟု မျှော်လင့်ခဲ့သည်။

သို့သော် ကျန်းရှုယောင်က သူဘာဖြစ်ချင်သည်ကို မသိသောကြောင့် ရှဲ့ရွှင်းကိုသာ ကြည့်နိုင်ခဲ့သည်။

ရှဲ့ရွှင်းက ချောင်းဟန့်ပြီးပြောလိုက်၏။

"ယောက္ခမကို ပြောစရာရှိပါတယ်"

လင်းရှီ၏ ဓားမြှောင်နှင့်တူသော အလင်းတန်းများသည် ကျန်းရှုယောင်ဆီသို့ ပျံသန်းသွားသည်။ ကျန်းရှုယောင်  အလွန်နားမလည်နိုင်ဖြစ်သွားပြီး ရှဲ့ရွှင်း၏ ၀တ်ရုံကို ဆွဲလိုက်သည်။

ရှဲ့ရွှင်းက ထိုစကားများကို ပြောပြီးနောက် သူဘာမျှ မပြောတော့ပေ။ လင်းရှီ ဒေါသနည်းနည်းထွက်နေပေမဲ သူက မိသားစုဝင်တစ်ဦးဖြစ်နေတုန်းပါပင်။ ထို့အပြင် သူမ သူ၏အမူအရာကိုကြည့်ခြင်းဖြင့် သူ၏စိတ်ကို ကောင်းကောင်း ခန့်မှန်းနိုင်သည်။

ကျန်းရှုယောင်က မလှုပ်မယှက်ရှိနေပြီး သူမလည်း ထွက်သွားရမည်ကို မရိပ်မိသေးပါချေ။

ခေတ်ဟောင်းရောက် Foodie တစ်ယောက်၏ ရှင်သန်ခြင်းWhere stories live. Discover now