Chapter 31

1.2K 169 0
                                    

Chapter 31

ဝါးတော

ကျန်းရှုယောင် ယနေ့ညတွင် အသားနှပ်ပြုလုပ်ခဲ့ပြီး အနံ့သည် ဆံပင်တွေအကုန်လုံး စွဲသွားသည်ဟု သူမ ခံစားခဲ့ရသည်။ အဝတ်အစားလဲပြီးသည်နှင့် အိမ်ထဲမှာ ဖြည်းဖြည်းချင်း ဟိုလျှောက်သည်လျှောက်လုပ်နေခဲ့၏။

သူမ မြို့စားရှဲ့အိမ်တော်တွင်လက်ထပ်ဝင်လာပြီးနောက် မီးဖိုချောင်နှင့် ပင်မခန်းမမှလွဲ၍ အခြားနေရာများသို့သာ သွားရောက်လည်ပတ်,ခဲ,လေ သည်။ သူမသည် ဤအိမ်အကျယ်ကြီးထဲတွင် တစ်ထောင့်တစ်နေရာပဲ လျှောက်သွားခဲ့ကာ ပတ်လမ်းကြောင်းကိုပင် မသိခဲ့ပေ။

ယနေ့ညတွင် လေနုအေးက လန်းဆန်းနေပြီး လက ကြည်လင်နေသည်။ သူမ စိတ်ကောင်းဝင်နေပြီး လမ်းပြရန် ဘယ်သူ့ကိုမှ မတောင်းဆိုခဲ့ပါချေ။ လရောင်အောက်တွင် သူမ အိမ်တော်ကြီးတဝိုက်တွင် လျှောက်သွားခဲ့သည်။

မြို့စားရှဲ့၏စံအိမ်သည် ရာစုနှစ်ပေါင်းများစွာ အမွေဆက်ခံခဲ့သော မင်းညီမင်းသားများ၏ အိမ်ဖြစ်ထိုက်သည်။ အိမ်ကြီး၏ဝင်းကို သပ်သပ်ရပ်ရပ် စီစဉ်ပေးထားပြီး လမ်းကျယ်သည်၊ ခြံဝင်းများက ကျက်သရေရှိပြီး ရိုးရှင်းသည်။ အိမ်တော်ကြီးတွင် ထည်ဝါမှုနှင့် ကြီးကျယ်ခမ်းနားမှုနှစ်ခုလုံးရှိသော စင်္ကြံနှင့်  စိမ်းလန်းသော မိုးမခပင်များဖြင့် စီတန်းအနားသပ်ထားသည့် တင့်တယ်ပြီးသပ်ရပ်လှပသော ရေကန်ကြီးပါရှိသည်။

သူမ ကြုံရာကျပန်း လမ်းလျှောက်ရင်း ဝါးတောငယ်တစ်ခုကို တွေ့လိုက်သည်။

သူမ မဝင်ဝံ့ဘဲ နောက်ပြန်လှည့်ရန် ကြံစည်ခဲ့သော်လည်း လမ်းကြောင်းမှားကာ ဝါးတောငယ်ဘေးရှိ ချွီရွှေမဏ္ဍပ်နားတဝိုက်ကို ရောက်သွားခဲ့သည်။

မဏ္ဍပ်ထဲမှာ လူနှစ်ယောက် ထိုင်နေကြ၏။ သူတို့သည် ၀တ်ရုံများကို ၀တ်ဆင်ထားပြီး အလွန်ရိုမန်တစ်ဆန်လှသည်။ အနီးကပ်ကြည့်ရှုပြီးနောက်၊ သူတို့က ရှဲ့ရွှင်း၏အကြီးဆုံးအစ်ကို ရှဲ့လိီနှင့် ဒုတိယအစ်ကို ရှဲ့လန်တို့ ဖြစ်နေခဲ့၏။

ကျန်းရှုယောင် သူမ၏ အစေခံကိုမခေါ်ဘဲ ညဘက်တွင် အိမ်အနှံ့ လှည့်လည်ခဲ့သည်။ ယခုအချိန်မှာ သူတို့မျက်လုံးများက သူမကို စေ့စေ့ငုငုကြည့်နေသည်ကို တွေ့ရသည်မှာ နည်းနည်းရှက်စရာကောင်း၏။ အဝေးမှ ခေါင်းညိတ်ပြပြီးနောက် လစ်ထွက်သွားရန် ကြံစည်ခဲ့သည်။

ခေတ်ဟောင်းရောက် Foodie တစ်ယောက်၏ ရှင်သန်ခြင်းحيث تعيش القصص. اكتشف الآن