Part-33(Uni+Zg)

68 4 2
                                    

"လဲ့နိုင်..လဲ့နိုင်.."

"ဖြည်းဖြည်း မင်းမထနိုင်သေးဘူးလေ"

"အင့်..ဟင့်..နင့်ထွက်သွားဖို့ဒီလောက်အထိလွယ်နေခဲ့တာလား ငါတို့ကိုပြေးမြင်မိပြီးတော့ပဲဖြစ်ဖြစ်အားတင်းထားခဲ့သင့်တယ်"

ငြိမ်သက်နေတဲ့ရုပ်အလောင်းရဲ့လက်ကိုကိုင်လို့ချစ်မင်းခန့်တစ်ယောက်တအိအိရှိုက်ငိုနေရှာသည်။

"ငါ..ငါဘယ်လိုတောင်..ဟင့်..ဖြေသိမ့်ရမလဲမသိတော့ဘူး ဖြစ်နိုင်ရင်နင့်ကိုငါတို့နားမှာပဲတစ်သက်လုံးရှိစေချင်မိတယ်"

"သေသူကိုနောက်ဆံတင်းအောင်မလုပ်ရဘူးမင်းခန့် အဲ့ဒါငရဲကြီးတယ်"

"ဟင့်..ငါ ငါက စကားအဖြစ်ပြောတာပါ"

"အင်း နောက်တစ်ခါမပြောနဲ့တော့ နောက်ပြီး ငိုတာရပ်တော့ သက္ကထွက်လာရင်မင်းငိုနေပုံမျိုးနဲ့ပိုဆိုးမယ် ငါ့စကားနားထောင်မယ်မလား"

ရာဇာပြောတော့ခေါင်းတစ်ဆက်ဆက်ငြိမ့်ကာလက်ခံသည်။ဟန်သူကလည်းမျက်ရည်တစ်ချို့ကိုပွတ်သပ်သုတ်ယူရင်းလဲ့နိုင်နှဖူးဆီနှာခေါင်းထိပ်လေးနှင့်ဖိကပ်ကာ

"စိတ်ဖြောင့်ဖြောင့်နဲ့သွားပါ ငါတို့ရဲ့ချစ်ရတဲ့ညီမလေး"

"မင်းခန့်ကိုပြန်ခေါ်သွားလိုက်တော့ ငါသက္ကအခြေအနေသွားမေးအုံးမယ် ပြီးရင်ပြန်လာခဲ့မယ်"

"အင်း လဲ့နိုင်ဈာပနအတွက်ကရော သူ့အိမ်ကိုအကြောင်းကြားပြီးပြီလား"

"အကုန်ငါလုပ်ထားတယ် ခဏနေသူ့မိဘတွေရောက်လာလိမ့်မယ် စိတ်မပူနဲ့ မင်းခန့်နားမှာသာနေ ကြားလား"

"အင်းပါ "

တရှုံ့ရှုံ့ငိုကြွေးနေတဲ့မင်းခန့်ကိုခေါ်ရင်းဟန်သူထွက်သွားတာနဲ့ သူလည်းသက္ကရှိနေတဲ့အဆောင်ဘက်လှည့်ထွက်လာခဲ့မိတယ်။ခန့်မှန်းခြေအရတော့ ဒဏ်ရာတွေပြင်းထန်သွားတာကလွဲရင်သေလောက်တာမျိုးမရှိဘူးလို့သူသတ်မှတ်ထားခဲ့တယ်။

"အန်ကယ်"

"ရာဇာ"

"သက္ကအခြေအနေဘယ်လိုလဲ"

ပြောရင်းသွေးခုန်နှုန်းလေးတွေတိုင်းကြည့်လိုက်တော့အဆင်ပြေပြေပင်ရှိနေခဲ့သည်။

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now