Part-14(Uni+Zg)

100 8 5
                                    

ပထမရက်မှာအတန်းလစ်ခဲ့တာကြောင့်ဒီနေ့တော့သူအတန်းတက်ဖြစ်အောင်တက်ရမယ်..မဟုတ်ရင် စပွန်ဆာပေးထားတဲ့ရာဇာရိုက်သတ်လို့သူသွေးအန်ပြီးသေရမှာ..

"ညနေငါမအားဘူး လဲ့နိုင်လာကြိုလိမ့်မယ်"

"အင်း တစ်ယောက်မှမအားလည်းရပါတယ် ငါကလေးမဟုတ်တော့ဘူး"

"ကလေးမဟုတ်လို့ပဲလိုက်ပို့လိုက်ကြိုနေရတာ.....ပိုက်ဆံအကုန်အကျခံပြီးမင်းကိုကျောင်းထားပေးတာလေ ငါကတော့ပညာရေးကိုဦးစားပေးလို့ထားပေးတာ မင်းကမယူတတ်ပဲအလေလိုက်နေမယ်ဆိုရင်....အဆင်မပြေဘူး"

"ဟင်း...ဖြစ်စရာလားကွာ ငါ့အကြောင်းလည်းမင်းတို့သိတာပဲ"

ရာဇာမဲ့ပြလိုက်တယ်။

"ဟက်..မနေ့ကမင်းအတန်းမတက်တာငါသိတယ်နော်ချစ်မင်းခန့်"

"အမ်.."

"မအမ်နဲ့ ငါပေးတုန်းယူထား ငါစိတ်ကုန်သွားမှတော့လာမတောင်းနဲ့ မင်းနားလည်မှာပါ"

အဖွဲ့ထဲမှာရာဇာ့ကိုတော်တော်လေးဖြုံကြတယ်လို့ပြောရမယ်..ပြောလိုက်ရင်အတုံးလိုက်အတစ်လိုက်..ညစ်ညမ်းတာမျိုးတွေမပြောတတ်တဲ့ကောင်ကလူတစ်ယောက်ကိုတော့ဘယ်အချက်ဖိနင်းရင်မျက်ရည်ပေါက်ကြီးငယ်ကျမလဲဆိုတာသိနေစမြဲ..အခုလည်းအထက်စီးဆန်ဆန်ပြောနေတာကြောင့်မင်းခန့်ခေါင်းတောင်မဖော်ရဲတော့ဘူး..

"မော့စမ်း အဲ့ဒါဘာလုပ်နေတာလဲ"

"နောက်တစ်ခါအဲ့ဒီ့လိုမပြောနဲ့ကွာ ငါကမင်းတို့သူငယ်ချင်းပဲဟာကို "

"သူငယ်ချင်းကဟုတ်တယ် မင်းဘဝမင်းမေ့နေမှာစိုးလို့ပြောပြတာ ဟင်း...ငါဆေးရုံသွားရတော့မယ် ဝင်တော့"

သူဘာမှမပြောတော့ပဲလှည့်ဝင်လာလိုက်ပါသည်။ကျောင်းဝင်းထဲရောက်ပါမှကိုယ်တော်ချောကဝူးခနဲမောင်းထွက်သွားခဲ့၏။

"သည်းခံချစ်မင်းခန့်..သူကမင်းကျေးဇူးရှင်..ဟူးးး"

ကိုယ့်ကိုယ်ကိုယ်ပဲအားပေးနှစ်သိမ့်ရင်းကျောင်းအဝင်ဝကိုအကြည့်ရောက်တော့ ကလေးနှစ်ကောင်နဲ့အတူပြုံးဖြီးပြီးဝင်လာတဲ့လူကိုသွားတွေ့တယ်

~မေတ္တာလုံ၍နွေးစေချင်~(On going)حيث تعيش القصص. اكتشف الآن