Part-21(Uni+Zg)

70 6 6
                                    

"ရွှေဟင်္သာ ...."

"ဟင်.."

အပေါ်ပိုင်းဗလာကျင်းလို့အောက်ခံတစ်ထပ်သာလျှင်ရှိတဲ့ခန္ဓာကိုယ်ကြောင့်ရွှေချိုးမျက်မှောင်ကျုံ့လိုက်မိကာအနားပြေးသွားလိုက်တော့သည်။

"ဘယ်လိုတွေဖြစ်နေတာလဲ အဝတ်မကပ်ဘာမကပ်နဲ့ "

"ငါ...ငါ...ဟိုဟာလေ..ဟို.."

တွန့်ချိုးထားတဲ့မျက်ခုံးတန်းတွေရှေ့သူ့မှာဘယ်လိုများပြောထွက်ရပါ့မလဲ..

"ဟေ့ကောင်.. "

"ဟင်..ဘာ..ဘာလဲ"

"ဘာဖြစ်နေလဲလို့..နေပါအုံး ဒီရင်ဘတ်ပေါ်ကအနီကွက်တွေကဘာတွေလဲ "

အော်ဟစ်ပြီးသားငိုပစ်လိုက်ချင်သည်အထိသူကြောက်လန့်နေမိတယ်..ရွှေချိုးမျက်နှာကတစ်ဖြည်းဖြည်းပြောင်းလဲလာရင်းရဲတွတ်လာနေပြီ..သတိထားမိသွားပြီထင်ပါရဲ့..

"ရွှေဟင်္သာ"

"ရွှေချိုး..ငါ..ငါ့သဘောမပါခဲ့ပါဘူး"

"ဘယ်ကောင်လုပ်တာလဲ..ဘယ်ခွေးသူတောင်းစားလဲ..ပြော..ချက်ချင်းပြောစမ်း"

ပုခုံးနှစ်ဖက်ကိုလှုပ်ရမ်းကာမေးလေတော့ မျက်ဝန်းဝမှမျက်ရည်ဥလေးများမှာပါးပြင်ထက်ယိုစီးကာကျလာနေ၏။

"ငါမေးနေတယ်လေ.."

"ဦးဇော်..ဟင့်..ဦးဇော်ပြောပြလိမ့်မယ် "

"ဘာဆိုင်လို့ဦးဇော်ကပြောပြမှာလဲ..မင်းကိစ္စမင်းရှင်းရမှာပေါ့..ငါ့ကိုပြော..ဘယ်ကောင်လုပ်တာလဲ.ဟမ်..ဒါငါတို့ကိုသပ်သပ်အနိုင်ကျင့်တာ ဆွေမရှိမျိုးမရှိနှစ်ကောင်ဆိုပြီးနိုင့်ထက်စီးနင်းလုပ်တာ..."

လက်သီးလက်မောင်းတန်းနေတဲ့လူကိုကြည့်ပြီး ဟင်္သာတစ်ယောက်ခေါင်းလေးပင်မထောင်ဝံ့တော့ပါပေ..

"ရွှေချိုး.."

"ဟာ..ဦးဇော်ဆင်းလာတာနဲ့အတော်ပဲ.."

နန္ဒဇော်ခေါင်းငြိမ့်ပြလိုက်ရင်းဆိုဖာခုံပေါ်မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်တယ်။သက္ကလည်းပဲဘေးကပ်ထိုင်လာတာကြောင့်ရွှေချိုးမှာပြူးကြောင်ကြောင်လေးလုပ်နေရင်း..

~မေတ္တာလုံ၍နွေးစေချင်~(On going)Où les histoires vivent. Découvrez maintenant