Part-27(Uni+Zg)

53 5 6
                                    

"ဟင်္သာရောရွှေချိုး"

"အိမ်ပြန်မယ်ဆိုပြီးပြန်သွားတယ်ကိုသက္က"

"ဟင် တစ်ယောက်တည်းလား"

"ဟုတ်ပ ဆေးရုံလိုက်ခဲ့ပါဆိုတာကိုတောင်ဘာတွေအရေးကြီးနေလဲတော့မသိဘူး နောက်ကလိုက်ခဲ့မယ်ပြောပြီးပြေးထွက်သွားတာ"

"ကိုယ့်ကိုအစကတည်းကမပြောဘူး"

"အကိုခန့်ကအရေးကြီးနေတော့မေ့နေတာ ဘာဖြစ်လို့လဲ "

"ပြန်ရမယ့်ခရီးကဝေးတယ် တစ်ယောက်တည်းဖြစ်ပါ့မလား လမ်းပျောက်နေရင်ဒုက္ခ"

အူတူတူအတတလေးဖြစ်လို့သက္ကခေါင်းမီးတောက်ရပြန်တယ်။တစ်ခုခုဖြစ်ခဲ့ရင်တစ်ယောက်တည်းလွှတ်ရကောင်းလားဆိုပြီးတစ်ဦးတည်းရှိတဲ့ဖခင်ကရွှေချိုးနဲ့သူ့ကိုထောင်းလေတော့မှာပေါ့..

"အဆင်ပြေမယ်တော့ထင်တာပဲ.ပါးစပ်ပါရွာရောက်ပါတယ်ကိုသက္ကရာ.."

"ဟင်း...အေးပေါ့ အခုမှတော့လည်းလိုက်ခေါ်လို့မရတော့ဘူး "

နေပြင်းရတဲ့ကြားထဲအဖြူနဲ့အစိမ်းကျောင်းဝတ်စုံကအနေခက်စေခဲ့သည်။ဇီဇဝါပန်းကလေးပင်ငြှိုးကာနေပြီး တစ်လှမ်းချင်းလျှောက်လာနေတဲ့ရာဇာ့ကိုမြင်တာနဲ့သူငယ်ချင်းတစ်စုမတ်တပ်ထရပ်လိုက်မိတယ်။

"ရာဇာ.."

မေးခွန်းတွေမမေးခင်မှာတင်ခေါင်းတစ်ခါခါနဲ့ရာဇာကမျက်စိမျက်နှာပျက်နေခဲ့ပြီ..

"ခွဲစိပ်မှုအောင်မြင်သွားပေမယ့် သတိလည်မလာသေးဘူး"

"အာ...မင်းကလည်းကွာ ဘာများဖြစ်တာလဲလို့.."

"အေးလေဟာ..ငါ့မှာစိတ်ပူလိုက်ရတာ"

မျက်ရည်တွေကျရင်းကပြောလာတဲ့သက္ကနဲ့လဲ့နိုင်ဆီသူခေါင်းခါပြလိုက်ပြီး..

"သတိလည်ဖို့ကခဲယဥ်းနေတယ်..လက်ရှိအခြေအနေမှာအာရုံကြောတွေထိထားတယ်..သွေးယိုစိမ့်တာကိုတော့အချိန်မှီထိန်းနိုင်ခဲ့ပေမယ့်..ဟူးးး မနက်ဖြန်မနက်မှနိုးမလာခဲ့ရင် လက်လျှော့ရတော့မှာ "

"ဘာကြီး.."

ဖြိုးခန့်သတိလက်လွတ်ပဲအော်လိုက်မိခြင်းရယ်..

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now