Part-2(Uni+Zg)

143 12 1
                                    

အဖြူရောင်ကြွေထမင်းဝိုင်းကြီး၏အလယ်တွင်စားသောက်ဖွယ်ရာများအားဖွယ်ဖွယ်ရာရာပင်ပြင်ဆင်ထားခဲ့သည်။မီးဖိုဆောင်တွင်လည်းအစေခံတစ်ချို့ပြာယာခက်နေခဲ့ကာ အိမ်ကြီးရှင်သခင်ဆင်းလာမည့်အချိန်အားမှန်းဆ၍ပြင်ဆင်သင့်သည်များကိုပြင်ဆင်နေခဲ့ခြင်းပင်..

"ဟေ့ သခင်ကြီးရောက်လာပြီ အဆင်သင့်ပြင်ထားပြီးပြီလား"

အိမ်ထိန်းဖြစ်ဟန်တူသောအဖိုးကြီးဆီမှသတိပေးသံကြားတဲ့အခါအစေခံလေးများနှင့်မိန်းမတစ်ချို့ထမင်းဝိုင်းလေးဘေး စီတန်းကာရပ်နေလိုက်ကြတယ်..

ကြောင်လိမ်လှေကားကြီး၏အထက်ဆီမှလမ်းလျှောက်သံတစ်ရှပ်ရှပ်ကိုကြားနေရပြီးမကြာခင်မှာပဲလူတစ်ယောက်လှေကားပေါ်ကနေခပ်အေးအေးဆင်းလာတယ်။

"အဆင်သင့်ဖြစ်ပြီလား"

အသံကြားရုံနှင့်ပင်အိမ်ထိန်းကြီးမှအစအလုပ်သမလေးတွေပါခေါင်းတွေငုံ့သွားရသည်အထိ ထိုလူကားအာဏာရှိ၏။အထူးသဖြင့် ဝတ်ထားတဲ့အမည်းရောင်suitကသူ့ကိုပိုပြီးသွေးအေးတဲ့ပုံစံဆီခေါ်ဆောင်နေခဲ့သည်။

"အားလုံးအသင့်ပါပဲသခင်ကြီး"

"အင်း"

ခေါင်းတစ်ချက်ငြိမ့်ကာထမင်းဝိုင်းဝင်ထိုင်၍အနီးဆုံးကဝက်သားချိုချဥ်ကြော်ပန်းကန်ဆီလက်အရင်လှမ်းလေသည်။သူအကြိုက်ဆုံးအစားအစာပဲလေ..

"Perfect "

"ဟူးးး"

သူ့ပါးစပ်က Perfect ဆိုတဲ့စကားလုံးကြားရဖို့အတော်လေးခက်ခဲချင်ခက်ခဲနေလိမ့်မယ်..သဘောမကျလို့ကျည်တစ်ချက်နဲ့ဇာတ်သိမ်းပေးဖို့ကတော့ထင်တာထက်လွယ်ပါသည်။ဒါ့ကြောင့်ပဲ Perfect ဆိုတဲ့စကားကြားရချိန်အစေခံလေးတွေအားလုံးအားရဝမ်းသာပြုံးလိုက်မိကြခြင်းပင်

"Babyရောဦးမောင်"

စားနေလျက်ကပဲမနေနိုင်စွာမေးလာသည့်လူ..တစ်စုံတစ်ယောက်အပေါ်မှာတော့သိပ်ကိုအလိုလိုက်တက်ပါ၏။

"သခင်လေးမနေ့ညကနောက်ကျမှပြန်ရောက်ပြီး..."

"OK!"

လက်ကာပြကာထထွက်သွားသူကြောင့်အိမ်ထိန်းကြီးဦးမောင်မှာပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now