Part-6(Uni+Zg)

115 8 3
                                    

"Baby. ."

"အော် Daddyတောင်ပြန်ရောက်ပြီလား"

"အင်း သားရောပဲ ဒီနေ့စောတယ်"

"အမှန်တော့အမှတ်ခြစ်စရာတွေရှိတယ် လဲ့နိုင်ကနောက်နေ့မှသူနဲ့အတူခြစ်ဆိုလို့..သူသွားစရာရှိလို့တဲ့လေ"

"အော်.."

ဧည့်ခန်းထဲကပန်းအိုးလေးထဲဇီဇဝါပန်းတွေထိုးစိုက်နေတဲ့သားကို ကြည့်လေကြည့်လေသူ့မှာချစ်မဝပါပဲ..သူလိုလူနဲ့ကွဲပြားသည့်နေရာမှာပန်းဆိုလျင်သက်ရှိအပေါင်းအဖော်တစ်ယောက်လိုမင်တက်တာကလည်းတစ်ခုအပါအဝင်ပင်ဖြစ်သည်။

"ဒါနဲ့ ရွှေချိုးတို့ကိုဖောင်တင်ပေးမှာကDaddyဆို"

"အင်း ဘာဖြစ်လို့လဲ သားဘာသီတင်းကြားလာတုန်း"

သားအဖနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်လိုက်ရင်းသက္ကမှာလည်းပန်းအိုးပြင်ဆင်ခြင်းအလုပ်ပြီးမြောက်သွားခဲ့၏။

"မနက်ဖြန်ကျောင်းတွေကဖောင်တွေတင်လို့ရပြီDaddy အဲ့ဒါ သူတို့ဖောင်တွေပါရဲ့လား"

"ဟ ဟုတ်သားပဲ Daddyမေ့နေတယ်ကြည့်စမ်း"

ကြိုတင်စီစဥ်ခဲ့သလောက်မလိုမဖြစ်လိုသွားခဲ့ပြန်တယ် မဖြစ်တော့ ကာယကံရှင်နှစ်ယောက်ကိုခေါ်ပြီးတိုင်ပင်ရတော့မည်။

"ဟိုကလေးနှစ်ယောက်ခေါ်လိုက်သား"

"ခုနကသွားကြည့်တာ အိပ်နေကြတယ်ဗျ"

"အိပ်နေလည်းနှိုးခေါ်ခဲ့လေ ဒါသူတို့ကျောင်းကိစ္စပဲ"

ဖအေဖြစ်သူပြောသည့်စကားမှာလည်းဟုတ်နေသည်ကြောင့်သူမငြင်းသာပေ ခေါင်းငြိမ့်ပြပြီးတလွဲစိန်နှစ်ယောက်အိပ်ပျော်နေတဲ့အခန်းလေးကိုဖွင့်လိုက်တော့..

"ကိုသက္က"

"အော် နိုးနေတာလား"

"ကြာပြီ ကျုပ်ကိုတစ်ခုလောက်ကူညီပါလားဗျာ"

အိပ်ရာထကာစမို့ထင်ရွှေချိုးမျက်လုံးလေးတွေအစ်ထွက်နေခဲ့ကာဆံပင်များမှာလည်းရှုပ်ပွလို့ဖြင့်ရှိလေတယ်။

"ဘာဖြစ်လို့လဲ"

"ဟင်္သာ...ဟင်္သာသေးပေါက်ချလိုက်လို့"

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now