အပိုင်း ၁၂ [ တစ္ဆေပူးကပ်ခြင်း ] (1)

Start from the beginning
                                    

လင်ပန့်ရှ သူဒီနေ့အလုပ်မသွားရတာကြောင့် ဟင်းတချို့ကိုကြိုမှာထားပြီး အိုးပေါ်ကင်နေရင်း ကျိလဲ့ရွှေကိုစောင့်နေလိုက်၏ ။

ခြောက်နာရီကျော်လောက်ရောက်တော့ ကျိလဲ့ရွှေရောက်လာသည် ။ အရင်နေ့တွေထက်စာရင် သူဒီနေ့အသက်ဝင်နေသည် ။ လူမမာရုပ်ကိုဒီနေ့ အကုန်မမြင်ရသလောက်ပင် ။ ပျော်နေပုံပေါက်နေပြီး တော်တော်ပြန်ကောင်းနေပုံရသည် ။

"ပန့်ရှ အဲ့ဒီသာ့လောင်ကဘာလို့မလာတာလဲ?" ကျိလဲ့ရွှေ ထိုင်ရင်းမေးလိုက်၏ ။

"သူပြောတာတော့ ကိစ္စရှိလို့မလာတော့ဘူးတဲ့" လင်ပန့်ရှကပြောသည် : "ဒီနေ့အလုပ်ဆင်းတာ ဒီလောက်တောင်စောတယ်?"

ကျိလဲ့ရွှေမှဆိုသည် : "စောလစ်လာတာ အမြန်အသားကင်လိုက်"

လင်ပန့်ရှခေါင်းညိမ့်လိုက်ရင်း ဝက်သားတုံးကြီးကြီးတစ်တုံးကို အကင်အိုးပေါ်တင်လိုက်သည် ။

ဒီအချိန်တိုလေးအတွင်းမှာပဲ ဝက်သားဈေးကအမြန်မြင့်တက်နေ၏ ။ 0.5 ကီလိုဂရမ်‌ကို ယွမ်သုံးဆယ်ကျော်တော့မယ် အသားစားတာက ဇိမ်ခံဖြုန်းတီးမှုတစ်မျိုးပဲ အဆီနဲ့ကပ်နေတဲ့အသားကအိုးပူပေါ်ကနေ ကျစ်ကျစ် နဲ့အသံထွက်နေသည် ။ ဆီရဲ့ထူးခြားတဲ့ အချိုနံ့က လူရဲ့နှာခေါင်းပေါက်ကို ဖြည့်နေသည် ။ အသားကင်ရဲ့ နှစ်ဖက်လုံး အညိုရောင်ပြောင်းသွားတဲ့အခါမှ အချဉ်နဲ့တို့ပြီး ဆလတ်ရွက်နဲ့တွဲ ပါးစပ်အပြည့်တစ်ကိုက်ကိုက်လိုက်၏ ။ ထိုအရသာရှိတဲ့အရသာကလူရဲ့ဝိညာဉ်ဟာ ကောင်းကင်ပေါ် တက်သွားသလိုပင် ။

ကျိလဲ့ရွှေစားရင်း မျက်ရည်ဝဲသွားပြီး : "ဘုရားရေ ငါတို့ဒီလို စစ်မှန်တဲ့ ထမင်းမျိုးမစားရတာ ဘယ်လောက်ကြာနေပြီလဲ"

လင်ပန့်ရှ သူ့ကိုတစ်ချက်ကြည့်လိုက်ရင်း : "ရှေ့အပတ်တုန်းက အိမ်ပြောင်းပြီး အဲ့နေညကပဲစားထားတာမဟုတ်လား"

ကျိလဲ့ရွှေ : "အော်"

လင်ပန့်ရှမှဆို၏ : "မင်းကအစားပုတ်ပဲ"

ကျိလဲ့ရွှေ : "ငါထင်ခဲ့တာကအိမ်ပြောင်းပြီးရင် မင်းနဲ့ပျော်ပျော်ရွှင်ရွှင် သွားလာစားသောက်နိုင်မယ်ထင်ခဲ့တာ ဘယ်သူသိမှာမြေပေါ်ကနေတောင်လှိုင်းရိုက်ခံရတာ ငါတို့စိတ်ဒုက္ခရောက်ရတာများ ပြင်းပြင်းထန်ထန် ကပ်ဆိုက်နေသလိုပဲ......"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now