အပိုင်း ၁၁ [ အခန်း 1303 ] (ဆုံး)

Start from the beginning
                                    

တခြားဟာကကိစ္စမရှိပေမယ့် ခုနက ရဲသား လက်ထိပ်ကိုဆွဲထုတ်လိုက်ချိန် လင်ပန့်ရှလုံးဝနောက်နေခြင်း မဟုတ်ဘူးဆိုတာသိ၏ ။ သူအပြင်ထွက်၍ အိမ်ကိုအမြန်ပြန်လိုက်သည် ။

ခဏလေးမှာပဲ ကောင်းကင်က မှိန်မှိန်လေးလင်းလာပြီး လမ်းပေါ်ရှိလူများလှုပ်ရှားသွားလာနေသည်ကို ဝိုးတဝါးတွေ့နေရ၏ ။

လင်ပန့်ရှကားမှတ်တိုင်မှာဆင်းလိုက်ပြီး မှတ်တိုင်ဘေး လမ်းပေါ်ကနေပဲ မနက်စာဝယ်လိုက်သည် ။ စားနေရင်း အိမ်သို့သွားနေလိုက်၏ ။ နွေဦးအစမှာ အအေးဓာတ်အနည်းငယ်ရှိနေပြီး သူပါးပါးလေးဝတ်ထားတဲ့အတွက် အနည်းငယ်အေးနေ၏ ။ ဒါပေမဲ့ လက်ထဲတွင် အခုလေးတင် ကျော်ထားတဲ့ ကော်ပြန့်ကြော်က ပူနွေးနွေးရှိနေသည် ။ အထဲတွင်လည်း နုတ်နုတ်ဆင်းထားတဲ့ ဝက်သားနဲ့ ဝက်ပေါင်ခြောက်လေးများအပြည့်ထည့်ထား၏။ ကြွပ်ရွနေတဲ့ အပေါ်ယံလွှာနဲ့ လိုက်ဖက်ညီနေသည် ။

လင်ပန့်ရှသည် အစားအသောက်စားတာသိပ်မများတာကြောင့် ဒါနဲ့တင်လုံလောက်နေပြီဖြစ်သည် ။ သူသွားနေရင်း နာရီကြည့်လိုက်ချိန်မှာ ငါးနာရီကျော်နေပြီဖြစ်၏ ။ ကျိလဲ့ရွှေမထလောက်သေးပေ ။

နွေဦးအစမှာ ကောင်းကင်ကအနည်းငယ်မှောင်နေသေးသော်လည်း ရပ်ကွက်တစ်ခုလုံးမှာတော့မည်းမှောင်နေသည် ။ ပိုးစုန်းကြူးတွေရဲ့ အလင်းလိုမျိုး လမ်းမီးတွေကနည်းနည်းပဲလင်းနေသည် ။ ဒီလိုနေရာမှာ ပြတင်းပေါက်တစ်ခုကနေ အလင်းရောင်ထွက်လာသည် ။ လူရဲ့အကြည့်ကိုဆွဲဆောင်ဖို့ အရမ်းလွယ်ကူနေ၏ ။

လင်ပန့်ရှ ကော်ပြန့်ကြော်ကိုကိုက်ထားရင်း ပြတင်းပေါက်တစ်ခုလုံးလင်းနေတဲ့ အဆောက်အအုံကို သတိထားမိလိုက်သည် ။

ဒီရပ်ကွက်ထဲမှာ တခြားလူရှိသေးတာလား? လင်ပန့်ရှအနည်းငယ်စပ်စုလိုက်သည် ။ သူ့အလုပ်ပုံမှန်ချိန်က ထူးခြားသည် ။ ရပ်ကွက်ထဲကလူကိုတွေ့ဖို့တောင်မပြောနဲ့ တိုက်ခန်းထဲက မီးလင်းနေတဲ့အချိန်ကိုတောင် ‌တွေ့ဖို့နည်းသည်မှာ စိတ်မကောင်းစရာပင် ။ သူစဉ်းစားနေရင်း လင်းနေတဲ့ ပြတင်းပေါက်ကနေတစ်ခုခုကိုမြင်လိုက်ရသည် ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now