အပိုင်း (၉)

32 3 0
                                    

Unicode

လွန်
အပိုင်း (၉)
" မောင်ရေ ယိမ်းတို့ မနက်ဖြန် သားနဲ့သမီးကို အပြင်လေးဘာလေးလိုက်ပို့ရအောင် ယိမ်းဒီရက်ပိုင်း နေမကောင်းတာနဲ့ သားနဲ့သမီးကို အချိန်မပေးမိဘူး "

" သွားမယ်လေယိမ်းရဲ့ မဟုတ်လည်း မနက်ဖြန်က မောင်တို့ရဲ့ (၆)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မလား "

" မောင်မှတ်မိတယ်ပေါ့လေ "

" ဒါပေါ့ မင်းထက်မောင်ဆိုတဲ့ ဒီကမောင်က ယိမ်းနဲ့ပတ်သက်တဲ့ဒီလိုအမှတ်တရနေ့ကို ဘယ်လိုမေ့ရဲမှာလဲ "
မင်းထက်စကားကြောင့်ယိမ်းမျက်နှာမှာ ပန်းနုရောင်သွေးကြောလေးများ ဖြတ်ပြေးသွားရ၏။

" မောင်ဟာလေ "

" ယိမ်း ဒါယိမ်းအတွက် ကိုယ့်လက်ဆောင် ကိုယ်တို့ anniversaryမှာ ယိမ်းဝတ်ဖို့လေ ယိမ်းက ပန်းရောင်လေးတွေသဘောကျတယ်မလား မောင်ယိမ်းအတွက် သေချာရွေးလာတာ "

  ကျောက်ကလေးတွေ စီကာချထားသည့် ပန်းနုရောင်အင်္ကျီဖျော့ဖျော့လေးဟာ လှပလွန်းလှ၏။ ယိမ်းကနူးညံ့တဲ့ပန်းနုရောင်ပါးလေးတွေကိုသာ သဘောကျတတ်၏။ မိန်းမသားတို့၏နဂိုစိတ်ရင်းခံကပင် နုနယ်သောကြောင့်လားမသိပေမဲ့ ယိမ်းအထိုအရာတွေကို ချစ်မြတ်နိုး၏။

" မောင်က ယိမ်းအကြိုက်လည်း မှတ်မိတာပဲလား "

" ဒါပေါ့ ကိုယ်ကဘယ်သူမို့လဲ "

နှာခေါင်းလေးကသပ်ကာ လက်မထောင်ပြီးပြောနေသော မောင့်ပုံစံစာ စောင့်ကြွားကြွားနိုပေမဲ့ ယိမ်းကတော့သဘောကျ၏။ သူ့အတွက်တော့ မောင်ဟာခင်ပွန်းကောင်းတစ်ယောက်တင်မဟုတ်ဘဲ သားသမီးတွေအပေါ်မှာပါ တာဝန်ကျေလွန်းလှသူပင်။

" မောင်ဟာလေ ယိမ်းတို့ကို သိပ်ဂရုစိုက်တာပဲနော် "

မျက်ရည်လေးတွေဝဲကာ ပြောနေသော ယိမ်း၏ပါးပြင်အားငြင်သာစွာပွတ်သပ်ပေးလိုက်၏။

" ဒီဘဝအတွက် ကိုယ်က ယိမ်းတို့အတွက်ပါ "

ညင်သာစွာဆိုလိုက်ရင်း ယိမ်း၏နဖူးပြင်အား ခပ်ဖွဖွနမ်းလိုက်၏။

" ဒီဘဝရဲ့ကိုယ်...  "

ယိမ်းတီးတိုးရေရွတ်လိုက်ရင်း မောင့်အားမော့ကြည့်လိုက်မိ၏။ ထိုအခါမောင်ကလည်းယိမ်းကိုပြန်ကြည့်လာ၏။ မောင့်ရဲ့မျက်ဝန်းတွေက ဒီနေ့တော့ တခြားအချိန်တွေနဲ့မတူဘဲပို၍ နက်ရှိုင်းလို့နေ၏။ ထိုမျက်ဝန်းနက်နက်တွေအောက်မှာ ယိမ်းမသိတဲ့ဘယ်အရာတွေများ ရှိနေဦးမည်လဲ

You've reached the end of published parts.

⏰ Last updated: Oct 21, 2023 ⏰

Add this story to your Library to get notified about new parts!

လွန်Where stories live. Discover now