အပိုင်း (၄)

36 9 0
                                    

Unicode

လွန်
အပိုင်း (၄)

အကျနေ့မနက်ကြရင် လှလှမေတို့အိမ်က ကျောင်းသွားကျောင်းလာအားလုံးကို ​ကြာဇံချက်တိုက်မည်မို့ အကြိုနေ့ညနေကတည်းက အားလုံးဘုန်းကြီးကျောင်းသို့ စုရုံးကာ လာကူကြလေ၏။ ဤကားသူတို့ရပ်ကွက်၏ ဓ​လေ့တစ်ခုပင် အခါကြီးရက်ကြီး စတုဒီသာ ကျွေးတာပဲ ဖြစ်စေ ၊ အလှူလုပ်လို့ပင်ဖြစ်​စေဘုန်းကြီးကျောင်းမှာ ချက်ပြုတ်ပြီး ဘုန်းကြီးကျောင်းမှာ ကျွေးကြ၏။

ယခုတွင်မူ ဘုန်းကြီးကျောင်းမှာ တချို့ကား မနက်ဖြန်တွင် အဆင်သင့်ဖြစ်စေရန် ရပ်ကွက်ဘုံမှ ပလပ်စတစ်ခုံတွေ ထုတ်သူကထုတ် ပန်းကန်တွေ ပြန်ပြီးဆေးကြောသူကဆေးကြော ၊ ဘုန်းကြီးကျောင်းဝင်း သန့်ရှင်းရေးလုပ်သူကလုပ်နှင့် တာဝန်ကိုယ်စီကျေနေကြ၏။ ထိုထဲကမှ အကြီးလည်းမဟုတ်အငယ်လည်းမဟုတ်နှင့် လင်းသုတို့ သူငယ်ချင်းတစ်သိုက်ကတော့ ကြက်သွန်ဥဝိုင်းနွှာနေကြ၏။

" ဆွေဆွေဒါနဲ့ ထိန်ညီးတို့ရော ငါမနေ့က သင်္ကြန်ရေပက်မထွက်ရတာသာ ရှိတာပါနော် မောင်ထိန်ညီးတို့ သင်္ကြန်မဏ္ဍပ်မှာ ကတာမှ ကွေးလို့ဆို "

" အမလေး.. အဲကောင်အကြောင်းများ ပြောပြောရချည်သေးရဲ့ ကွေးနေအောင်ကပြီးကာမှ ဘာထပ်ဖြစ်တယ်ထင်တုန်း ပုဆိုးကျွတ်ကျသတဲ့တော် အဲဒါလည်း သူ​ကြိတ်ကြွေနေတဲ့လူ​ရှေ့မှာလေ "

" ဟား... ဟား.... ဟား... "

ဆွေဆွေ စကားကြောင့် တစ်အုပ်စုလုံး ပွဲကျသွားတော့၏။ မောင်ထိန်ညီးတို့များ ဒါကိုပြန်ကြားရင်ဖြင့်တော့လား မျက်နှာကြီးနီမြန်းနေမှာမြင်ယောင်မိသား။

" အဒေါ်ကြီးနဲ့ဂျပုမ ပြီးတော့ဟိုမလင်းတလင်းကောင်ရော ငါ့အတင်းတုပ်နေကြတယ်ပေါ့လေ "

ထိန်ညီးသာရောက်လာပြီး တင်ပျဉ်ခွေထိုင်လိုက်ကာသူ့အကြောင်း ပြောနေသော ထိုတစ်သိုက်အား နည်းနည်းငေါက်လိုက်၏။

" အတင်းတုပ်တာမဟုတ်ပါဘူး သတင်းစကားတွေ မျှဝေနေတာ ဟားဟား "

လှလှမေက ထိန်ညီးအား အနိုင်မခံ။

လွန်Where stories live. Discover now