အပိုင်း (၃)

64 9 6
                                    

လွန်

အပိုင်း (၃)

" မင်းထက် မင်းဘယ်လိုတောင်ကြောင်တောင်တောင်တွေလုပ်နေတာလဲ တကယ်ဆိုဆေးခန်းခေါ်မသွားတောင် ဆေးလိမ်းဖို့ဖြစ်ဖြစ်လုပ်ပေးသင့်တာကို ''

" ရှူးတိုးတိုးနေ အသု မင်းကတော့လေ တကယ်ကိုစကားများလွန်းတဲ့သာလိကာပဲ ပိတောက်ပန်းတောင်ပြီးအောင်မခူးရသေးတာကို ပိတောက်ပန်းလေးတော့ခူးပါရစေဦး ''

" သဘောပဲ ''

လင်းသုမှာ မင်းထက်အားမနိုင်တဲ့အဆုံးလက်မြှောက်လိုက်ရ၏။

" ရောက်ပြီ ''

ပိတောက်ပင်အောက်ရောက်သည်နှင့် လင်းသုဆင်းဖို့ ထိုင်ပေးလိုက်သည်။

" ကဲဆင်းတော်မူပါဦးဗျာ ကျွန်တော်မျိုး ပိတောက်ပန်းခူးအုံးမယ် ''

" ပြောင်စပ်စပ်လုပ်နေ ''

လင်းသု မင်းထက်အားမဲ့ပြလိုက်သည်။ ထိုသည်ကို မင်းထက်ကလည်းသဘောတကျရယ်နေပြန်၏။

အနီးမှာရှိတဲ့ ဝါးတံချုလေးကိုယူပြီး ပိတောက်များကိုခူးယူလိုက်၏။ အတော်လေးများများ ခူးပြီးသည့်နောက် မင်းထက်လည်းပိတောက်ပန်းခူးခြင်းအားရပ်လိုက်၏။

'' အာ ခဏလေး ငါ့အသုလေးကို ပိတောက်ပန်း ပန်ပေးရမှာပေါ့ ဟဲဟဲ "

မေးစေ့အားပွတ်လျက် ဆိုက်ဂိုက်နှင့်ပြောနေသောလူကို အသုနည်းနည်းလေးပင် ကြည့်မရတော့

ထို့နောက် ပိတောက်ပင်နားက အုတ်ခုံလေးပေါ်မှာထိုင်ပြီးပွစိပွစိရေရွတ်နေသော အသုဆီသို့သွားလိုက်၏။

" အသုဒီမှာမင်းအတွက် ပိတောက်ပန်း ''

အသုမင်းထက်အတွက် ပိတောက်ပန်းတစ်ခက်ပေးလိုက်၏။

" ဟင် ပိတောက်ကတစ်ခက်ထဲလား ကပ်စေးပဲ ပိတောက်ပန်းတွေဒီလောက်အများကြီးခူးထားတာကိုတစ်ခက်ပဲပေးတယ် ''

" မင်းကတော့လေ တကယ်ပဲ တစ်ခက်လည်းဘာဖြစ်လဲ မကောင်းဘူးလား မင်းကပထမဆုံးယူတဲ့လူဆိုတော့တစ်ခက်ပဲယူလိုက်လေနော် ''

" အေးပါ ငါမှမခူးနိုင်တာ ဘယ်တတ်နိုင်မလဲ ဟွန့် နောက်ရက်ခြေထောက်ပြန်ကောင်းမှ မင်းဆီကိုအိတ်နဲ့တစ်လုံးသယ်လာပြမယ် ''

လွန်Where stories live. Discover now