အပိုင်း (၅)

52 8 0
                                    

လွန်
အပိုင်း (၅)

" လင်းသုရေ လင်းသု "

ဆွေဆွေ လှလှမေနှင့် ထိန်ညီးသာတို့ သုံးယောက်သား လင်းသုအိမ်သို့ သင်္ကြန်ကား တစ်စီးဖြင့်ရောက်လာကာတကြော်ကြော် အော်ခေါ်နေတော့၏။

" လာပြီဟ "

  လင်းသု အိမ်ထဲမှ အမြန်ပြေးထွက်​လာပြီး လှလှမေတို့ဆီလာခဲ့လိုက်၏။

" မြန်မြန်တက် ကိုယ်တော်ချောရေ ငါတို့ ဒီနေ့တော့ သင်္ကြန်ကားလေးစီးပြီး ရေလေးအပက်ခံရင်း ကောင်ချောချောလေးတွေကို လိုက်ကြည့်ရအောင် ဟိဟိ "

လှလှမေကား ခန္ဓာကိုယ်ကို လှုပ်ရမ်းကရင်း သင်္ကြန်ကားနဲ့ရေထွက်ရင်းလုပ်မဲ့အစီအစဉ်တွေကို ကြိုတင်ပလန်ချနေတော့၏။

" အ​ဒေါ်ကြီးတို့များနော် ဟင်းဟင်း မပြောတော့ဘူး "

ထိန်ညီးသာက လှလှမေကို မနိုင်သည့်သဘောနှင့်ပြောလိုက်၏။ အဒေါ်ကြီးဆိုသည်မှာလည်း လှလှမေ၏အမည်ပြောင်ပင်။ ဘာကြောင့်ဆို သူကား နေရာတကာ စပ်စပ်စုစုနိုင်လှ၏။ သူစပ်စပ်စုစုနိုင်ပုံမှာ ထိန်ညီးသာတို့ရပ်ကွက် အဒေါ်ကြီးများနှင့်တူလှသည်မို့ ထိုနာမည်ပြောင်ကို ပေးလိုက်ခြင်းပင်။

" ဘာအ​ဒေါ်​ကြီးလဲ ထိန်ပင်ကောင် ဒီကခုမှ ဆယ့်ခြောက်နှစ်ပဲရှိသေးတာကို "

ဆံပင်ခပ်ဝဲဝဲကို ခါပြလိုက်ရင်း ပြောလိုက်သည်က တကယ့်ကို ဆိုဒ်အပြည့်ပင်။

လင်းသု ရောက်သည်နှင့်သင်္ကြန်ကားလေးသည်လည်း စထွက်တော့၏။

" ဒါနဲ့ ငါ မင်းထက်ရဲ့လည်း ဝင်ခေါ်ဦးမယ်နော် "

" ဟဲ့ဪ ခေါ်လေဟယ် အဲဒါများ သူငယ်ချင်းတစ်စု အကုန်ဆိုတော့ တပျော်တပါးပေါ့ဟဲ့ "

ဆွေဆွေက သူငယ်ချင်းတွေအကုန်ဆုံတာကို သိပ်သဘောကျ၏။ ဘာပဲလုပ်လုပ် အကုန်လုံးအတူတူလုပ်ရမှ နေပျော်တတ်သူ။ အားလုံးထဲတွင်တော့ သူကအတည်ငြိမ်ဆုံးလို့ပြောရမလို့ပင်။ သို့သော်လည်း သူလည်း မထင်ရင်မထင်သလို ထထဖောက်တတ်ပါ၏။ ဘယ်သူကများ အမြဲတမ်းတော့ တည်ငြိမ်နိုင်မည်နည်း။ ထိုသို့ဆို သိပ်ပျင်းဖို့ကောင်းလှသည် မဟုတ်ပါလား။

လွန်Where stories live. Discover now