False Love ( Part. 19 )

133 19 4
                                    

ယနေ့ဂျွန်မြောင်ကိုရီယားကို ပြန်မည့်နေ့ဖြစ်သည်။

" ကျွန်တော်စာမေးပွဲပြီးတာနဲ့ တန်းပြန်လာခဲ့မယ်နော် "

" အင်းပါ "

" ရောက်ရင်ကျွန်တော့်ဆီဖုန်းဆက်လိုက်ဦး "

" အင်း "

" ကိုယ့်ကိုယ်ကိုဂရုစိုက်နော် "

" ငါသိပါတယ်ဆယ်ဟွန်းရဲ့ "

ဆယ်ဟွန်းတို့နှစ်ယောက်ကိုကြည့်ကာ ဂျုံအင်သည်လည်း ဂယောင်ဆူးအားအကဲပိုပြသည်။

" ဘေဘီ့ကို လွမ်းနေတော့မှာ "

" ပိုလိုက်တာ ဂျုံအင်ရယ်... ငါ့ကိုအဲ့လိုကြီးမခေါ်ပါနဲ့ဆို "

" ကိုယ်ကချစ်လို့လေ ဘေဘီက ဘေဘီလေးလို့ ဘေဘီသေးသေးလေးဖြစ်နေလို့ဘေဘီလို့ခေါ်တာကိုဘေဘီမကြိုက်ဘူးလား "

" အော့ "

ဂျုံအင်ရဲ့ဘေဘီချင်းထပ်နေတဲ့စကားကို ချန်းယောလ်မှာ အန်ခြင်သည့်ပုံစံဖြင့် လှမ်းစ၏။ ဒီလူတွေလွန်လွန်းပါ
တယ် ဘယ့်နှဲအချိန်တန်ပြန်တွေ့ရမှာဘဲ.. final semester ကလည်းဖြေဆိုဖို့လအနည်းငယ်သာ ကျန်တော့သည်ကို ဒီလောက်ဖြစ်ပြနေစရာလိုလို့လား။ ချန်းယောလ် သည်းမခံနိုင်စွာဘဲ ထဆူလိုက်မိသည်။

" မင်းတို့ကောင်တွေက လွန်ပါတယ်ကွာ လေယာဉ်ချိန်က
နီးနေပြီ အဲ့လောက်ဖြစ်နေရင် တခါတည်း လိုက်သွားကြ "

" မင်းနားမလည်ပါဘူး ချန်းယောလ်ရာ "

" ထားလိုက်ပါ ဆယ်ဟွန်းရာ ဒီကောင်ကရည်းစားမှ မထားဖူးတာ ဒါတွေဘယ်နားလည်မလဲ "

" တော်ပြီပြန်တော့မယ် မင်းတို့နေခဲ့ကြ "

ကားသော့က ချန်းယောလ် လက်ထဲမှာပါ..စတုန်းကဝိုင်းစပြီး ထွက်သွားတော့မယ်ဆိုကာမှ ဆယ်ဟွန်းဆို့နှစ်ယောက်
အသည်းအသန်နောက်ကလိုက်ရသည်။

" အယ်နေဦးယောလ်! ဂျွန်မြောင်တာ့တာနော် ဟိုရောက်ရင်ဖုန်းဆက်လိုက်.. ရွှတ်! "

ဆယ်ဟွန်းဂျွန်မြောင်ရဲ့ ပါးကိုဖိနမ်းကာအမြန်ထွက်လာခဲ့
သည်။

" အပိုတွေ "

" မင်းရည်းစားမနမ်းတိုင်း မနာလိုမဖြစ်ကြေးလေနော် "

You've reached the end of published parts.

⏰ Last updated: Nov 08, 2023 ⏰

Add this story to your Library to get notified about new parts!

False loveWhere stories live. Discover now