// Unicode //
ဂျွန်မြောင်ဒီနေ့ကျောင်းကစောစောပြန်လာခဲ့သည်.
တစ်ယောက်တည်းနေချင်တာမို့ ဆယ်ဟွန်းကိုဘာမှမပြောဘဲ ထွက်လာသည်.. အိတ်ထဲကဖုန်းကအဆက်မပြတ်
မြည်နေသည်. နောက်ထပ်တစ် ကြိမ်မှာတော့.." ဟယ်လို "
// ဂျွန်မြောင် မင်းဘယ်ကိုရောက်နေတာလဲ !! //
ဖုန်းထဲကဆယ်ဟွန်းရဲ့အသံက စိုးရိမ်စိတ်အပြည့်..
" ဒီတိုင်း စာအုပ်ဆိုင်တစ်ဆိုင်ရောက်နေတာပါ "
// ကျွန်တော်အိမ်ကိုတောင်ရောက်ခဲ့သေးတယ် ဂျွန်မြောင့်ကို မတွေ့တော့ ပူထူသွားတာဘဲ. ဘာလို့ကျွန်တော့်ကိုမပြောဘဲ ထွက်သွားရတာလဲ ..ခုဘယ်ဆိုင်မှာလဲပြော ကျွန်တော်လာခဲ့မယ်//
" ရတယ် မလာပါနဲ့..အခုငါတစ်ယောက်တည်းနေချင်လို့ "
// ဘာဖြစ်နေတာလဲ ဂျွန်မြောင် //
" စိတ်မပူနဲ့ ငါအိမ်ရောက်ရင်ဖုန်းဆက်လိုက်မယ် ဒါဘဲနော်.. "
// အခု.. ဟယ်လို ဟယ်လို.. //
ပြောလစ်စဖုန်းကိုချလိုက်သည်မို့ တဖက်ကဆယ်ဟွန်းတော့ စိတ်ထဲအတော်လေးခုပြီးကျန်ခဲ့တော့မည်.. ဂျွန်မြောင်ဖုန်းကို ချပြီးလွယ်အိတ်ထဲပါလာတဲ့ သိုးမွှေးချည်ကိုထုတ်၍ ထိုးလက်စ အင်္ကျီကိုအမြန်အဆုံးသတ်နိုင်ရင် ကြိုးစားရသည်.. ပထမဆုံး အကြိမ် သိုးမွှေးထိုးတာမို့အရမ်းနှေးလွန်းတယ်. စိတ်ပူတာ နောက်လာမယ့်အပတ်ထဲ ဆယ်ဟွန်းမွေးနေ့အမှီပြီးနိုင်ပါ့မလား.
နောက်ပြီး..." ငါ့ကိုအချိန်နည်းနည်းပေးမလားဆယ်ဟွန်း ငါတွေးစရာတွေ အရမ်းများနေပြီ "
_____
ဒုန်း !!!
မကျေနပ်စိတ်နဲ့စားပွဲပေါ်ကိုလက်သီးနဲ့ထုချလိုက်သည်.
" လန့်လိုက်တာ ဆယ်ဟွန်းရာ ဘာဖြစ်တာလဲ "
" ဂျွန်မြောင်ပေါ့ ငါ့ကိုရှောင်နေတာ 2ရက်ရှိပြီ "
ဆယ်ဟွန်းမျက်မှောင်တွေကြုံနေမိပေမယ့် စိတ်ထဲကတော့အလိုလို ဝမ်းနည်းလာရသည်.. ဟိုရက်ကဖုန်းချလိုက်ပြီးထဲက အတန်းထဲ စာသင်ချိန်ပြီးရင်တောင် ကိစ္စရှိလို့ဆိုပြီး တစ်ယောက်တည်းပြန် ပြန်သွားတာ ဖုန်းခေါ်လည်းမကိုင်ဘူး. အိမ်လိုက်သွားလည်းမရှိ ပြန်ဘူး.. ဒီနေ့လည်းအတန်းမတက်ပြန်ဘူး.
YOU ARE READING
False love
Fanfiction"ငါသူ့ကိုဆက်ပြီးချစ်နေလို့မရတော့ဘူး အခုငါတို့ကညီအကိုတွေဖြစ်နေပြီ..."