False Love ( Part . 14 )

109 27 17
                                    

/ Unicode /

" ပြောပါဦး ငါတို့ကိုလာမကြိုနိုင်ရအောင် မင်းဘာအရှုပ်တွေလုပ် နေတာလဲ "

ကျွန်တော်ဒီကိုရောက်နေတာ 2နှစ်ကျော်ပြီ အခုဆိုကျွန်တော်တို့ လည်းဒီမှာကျောင်းတွေစတက်ရတော့မယ်လေ. ချန်းယော်လ်တို့က သိပ်ပြီးချစ်ဖို့ကောင်းတယ် ကျွန်တော်နဲ့ကျောင်းလိုက်တက်ဖို့ ကြိုးစားပေးခဲ့ကြတာ..

" အေးလေကွာ မင်းကြောင့်ငါတို့မှာဒီကျောင်းကိုတက်ဖို့ ကြိုးစားလိုက်ရတာ.. "

မလိမ်တမ်း‌ပြောရရင် သူတို့လာမယ်ဆိုတာကို ကျွန်တော်တကယ် မေ့သွားတာပါ..

" ငါ Lily ကိုသွားကြိုနေရလို့ပါကွာ "

" Lily !!! "

ဂျုံအင်တို့နှစ်ယောက်ဆီကပြိုင်တူထွက်လာသည့်အသံဖြစ်သည်..

" Lily ဆိုတာဘယ်သူလဲ "

" ငါ့ရည်းစား "

" ဘာပြောတယ်!! "

နောက်တစ်ကြိမ်ထပ်ပြီး ပြိုင်တူအော်ပြန်သည် ..

" မင်းတို့လုပ်တာ ငါနားကန်းတော့မယ် ဘယ်လိုဖြစ်နေတာလဲကွာ "

" ဟ ဖြစ်ဆို မင်းကငါတို့ကိုမပြောဘဲ ရည်းစားရသွားတာကို "

" အေးလေ ငါတို့ကိုတောင်အသိမပေးဘူး "

" ငါဒီရောက်နေတာကြာပြီလေကွာ တစ်ယောက်တည်းနေရတာ ပျင်းစရာကြီးကွ! "

" ဒါဆိုဂျွန်မြောင်ကရော.. "

" ဂျုံအင်!! "

ချန်းယောလ်ကဂျုံအင့်အင်္ကျီလက်ကိုဆွဲကာဟန့်သည်..

" သူဘာတွေလုပ်နေလဲ "

" မင်းAppa ရဲ့ company မှာဘဲပေါ့ "

" ဟက်.. Appaနား ကပ်ပြီး အမွေတွေအပိုင်ယူဖို့ကြိုးစားနေ တာပေါ့ "

" ဆယ်ဟွန်းရာ "

" ထားစမ်းပါကွာ ဒီမှာမင်းတို့အရင်နား‌လိုက်. နောက်ရက်ကျရင် New York City ရဲ့အလှအပတွေကိုငါလိုက်ပြမယ်.. ဒီမှာ ရာသီဥတုကအရမ်းကောင်းတာကွ မင်းတို့အတွက်ဓာတ်ပုံကောင်း" တွေလည်းရမှာသေချာတယ် "

ကျွန်တော်ဒီကိုရောက်နေတာတော်တော်ကြာပြီ. ပြောရရင် Lily က Appa အသိသူငယ်ချင်းပါ. ကျွန်တော်ရောက်လာရင်အဆင်ပြေ အောင် သူကဘဲအကုန်ကူညီပေးခဲ့တာ. ဆိုတော့ နေရာသစ်မှာ ဘဝသစ်စဖို့ပြောင်းလဲခဲ့တာမို့ လူတစ်ယောက်နေရာမှာ နောက်လူ ကိုအစားထိုးဖို့လိုလာပြီလေ.. နောက်လူကိုမမေ့နိုင်ရင်တောင် မေ့ရတော့မယ်‌မဟုတ်လား.

False loveWhere stories live. Discover now